ဇာတ်ကားများ ရွေးရန်

Samurai Commando: Mission 1549

2005ဇာတ်ကားWeb-dl 1080p

ဒီဇာတ်ကားလေးကတော့ ဆာမူရိုင်းခေတ်ကို အချိန်ခရီးသွားကြတဲ့Samurai Commando Mission 1549 ဆိုတဲ့ ဂျပန်ဇာတ်ကားကောင်းလေး ဖြစ်ပါတယ်။ ခေတ်မီစစ်သည်တော်တွေနဲ့ ခေတ်ဟောင်းဆာမူရိုင်းစစ်သည်တွေရဲ့ ထူးဆန်းတဲ့ အချိန်ခရီးသွား ဖြစ်ရပ်ကို ပုံဖော်ထားတဲ့ သိပ္ပံစိတ်ကူးယဉ် သမိုင်းနောက်ခံ အက်ရှင်ဇာတ်ကားတစ်ကား ဖြစ်ပါတယ်။ ဒီ​နေ့​​ခေတ် တပ်ဖွဲ့ဝင်တွေဟာ လွန်ခဲ့တဲ့ နှစ်ရာပေါင်းများစွာက ဆာမူရိုင်းခေတ် (၁၅၄၉ ခုနှစ်) ဆီကို ရောက်ရှိသွားကြပြီး သမိုင်းကြောင်းကို ပြောင်းလဲဖို့ ကြိုးပမ်းသူတွေနဲ့ သမိုင်းကို မူလအတိုင်း ထိန်းသိမ်းဖို့ ကြိုးစားသူတွေအကြား ပဋိပက္ခတွေဖြစ်ပြီး တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ကြပါတယ်။ အချိန်ခရီးသွားဖို့ စမ်းသပ်ကြရင်း တစ်စုံတစ်ရာ မှားယွင်းသွားခဲ့ပြီး စမ်းသပ်မှုအတွက် တာဝန်ပေးခံထားရတဲ့ စစ်သားအားလုံးက ဆူဂိုကူခေတ် (၁၅၄၇ ခုနှစ်)က စစ်မြေပြင်တစ်ခုမှာ ရုတ်တရက် ပိတ်မိနေကြပြီး ဆာမူရိုင်းစစ်တပ်ရဲ့ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။ ၇၄ နာရီအကြာမှာ ပြောင်းပြန် သက်ရောက်မှုတစ်ခု ဖြစ်ပေါ်လာပြီး ဒဏ်ရာရရှိထားတဲ့ ဆာမူရိုင်းစစ်သည်တစ်ဦးက ၂၁ ရာစုကို ရုတ်တရက် ရောက်ရှိလာခဲ့ပါတယ်။ သမိုင်းကြောင်းနဲ့ အချိန်ခရီးသွားဇာတ်လမ်းကြိုက်နှစ်သက်သူတွေအတွက် လက်မလွှတ်တမ်း ကြည့်ရှုသင့်တဲ့ ဇာတ်ကားကောင်းတစ်ကားပဲ ဖြစ်ပါတယ်။

ဇာတ်လမ်းအကြောင်း