ဇာတ်ကားများ ရွေးရန်

The Maharashtra Files

2026ဇာတ်ကားWeb-dl 1080p

ဒီကားလေးကတော့ သာမန်လူတစ်ယောက်က အကျင့်ပျက်ခြစားနေတဲ့ စနစ်ကြီးတစ်ခုလုံးကို အံတုရင်ဆိုင်ရတဲ့ ဇာတ်လမ်းမျိုးကို ကြိုက်တတ်ရင် သေချာပေါက် ကြည့်သင့်တဲ့ ကားလေးပါနော်။ ဇာတ်လမ်းအစမှာ အေးချမ်းတဲ့ ရွာလေးတစ်ရွာကို အဝေးပြေးလမ်းမကြီး ဖောက်မယ်ဆိုပြီး အကြောင်းပြကာ လယ်သမားတွေရဲ့ မြေတွေကို နိုင်ငံရေးသမားတွေနဲ့ အာဏာပိုင်တွေက မတရားသိမ်းပိုက်ကြတာကနေ စထားတယ်။ အဲဒီမှာ ဆင်းရဲတဲ့ လယ်သမား အဘွားအိုတစ်ယောက်ဟာ သူ့မြေအတွက် လျော်ကြေးငွေ အနည်းအကျဉ်းပဲရပြီး အာဏာပိုင်တွေနဲ့ နီးစပ်သူတွေကတော့ လျော်ကြေး အများကြီးရသွားတဲ့ မတရားမှုကြီးကို ခံစားလိုက်ရတယ်။ အဲဒီမြေကို မရောင်းဘူးလို့ ငြင်းဆန်ခဲ့တဲ့ အဘွားအိုရဲ့ သားဖြစ်သူဟာလည်း သစ်ပင်မှာ ဇောက်ထိုးဆွဲကြိုးချ အသတ်ခံလိုက်ရပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေသွားသယောင် ဖန်တီးခံလိုက်ရပါတော့တယ်။ ဒီလို ဆိုးရွားလှတဲ့ မတရားမှုတွေကြားထဲကနေ ရွာက တက်ကြွတဲ့ လူငယ်လေးတစ်ယောက်က အဘွားအိုအတွက် တရားမျှတမှုရဖို့ မြို့ကြီးက အစိုးရရုံးချုပ်ကြီးဆီကို သွားရောက်ပြီး အသေအလဲ ကြိုးပမ်းပါတော့တယ်။ ဒါပေမဲ့ အစိုးရရုံးတွေရဲ့ လာဘ်စားမှုတွေနဲ့ အောက်ခြေလူတန်းစားတွေအပေါ် ဖိနှိပ်ခေါင်းပုံဖြတ်တဲ့ လုပ်ရပ်တွေကို သူ ဘယ်လို ခက်ခက်ခဲခဲ ရင်ဆိုင်ဖြတ်သန်းရမလဲဆိုတာကို ရင်တမမနဲ့ ကြည့်ရမှာပါ။ နောက်ဆုံးမှာ ဘယ်သူမှ ဂရုမစိုက်တဲ့ ဒီအမှုအတွက် လူငယ်လေးဟာ အစိုးရရုံးချုပ် အဆောက်အအုံ ခေါင်မိုးပေါ်ကနေ ခုန်ချပြီး သတ်သေမယ်လို့ ခြိမ်းခြောက်တောင်းဆိုရတဲ့အထိ အခြေအနေတွေ အမြင့်ဆုံးကို ရောက်သွားချိန်မှာတော့ အဘွားအိုအတွက် တရားမျှတမှု ရလာမလား၊ ဒါမှမဟုတ် အကျင့်ပျက် နိုင်ငံရေးသမားတွေပဲ အနိုင်ရသွားမလားဆိုတာကို ဇာတ်သိမ်းအထိ ဆက်ကြည့်ချင်စိတ် ပေါ်လာအောင် ဆွဲဆောင်တင်ဆက်ထားတဲ့ ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်။

ဇာတ်လမ်းအကြောင်း