ဇာတ်ကားများ ရွေးရန်

Mayday

2026ဇာတ်ကားWeb-dl 4K SDR

Mayday ရုပ်ရှင်ဟာ Cold War ကာလကို နောက်ခံထားပြီး အက်ရှင်နဲ့ ဟာသကို အချိုးကျကျ ပေါင်းစပ်ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကို နာမည်ကြီး ဒါရိုက်တာတွေဖြစ်တဲ့ Jonathan Goldstein နဲ့ John Francis Daley တို့က ပုံဖော်ရိုက်ကူးထားပြီး ဟောလိဝုဒ်စတားတွေဖြစ်တဲ့ Ryan Reynolds နဲ့ Kenneth Branagh တို့က ခေါင်းဆောင်ပါဝင်ထားပါတယ်။ သူတို့နှစ်ဦးအပြင် Maria Bakalova, Marcin Dorociński နဲ့ David Morse စတဲ့ နာမည်ကြီး သရုပ်ဆောင်တွေလည်း ပါဝင်အားဖြည့်ထားပါ​​သေးတယ်။ ဇာတ်လမ်းအကျဉ်းလေးကို ပြောရမယ်ဆိုရင်တော့ အမေရိကန်ရေတပ်က အရည်အချင်းပြည့်ဝတဲ့ လေယာဉ်မှူးတစ်ဦးဖြစ်တဲ့ Lieutenant Troy 'Assassin' Kelly ဟာ ရုရှားပိုင်နက်ထဲကို အရမ်းအရေးကြီးတဲ့ လျှို့ဝှက်စစ်ဆင်ရေးတစ်ခုနဲ့ သွားရောက်ခဲ့ရာကနေ စတင်ပါတယ်။ ဒါပေမယ့် စစ်ဆင်ရေးက ထင်သလိုဖြစ်မလာဘဲ လုံးဝပျက်စီးသွားတဲ့အခါ Troy တစ်ယောက် ရန်သူ့နယ်မြေထဲမှာ အကူအညီမဲ့ပြီး ပိတ်မိသွားပါတော့တယ်။ အဲ့ဒီလို အသက်အန္တရာယ်နဲ့ နီးကပ်နေတဲ့အချိန်မှာပဲ အမေရိကန်ယဉ်ကျေးမှုတွေကို သဘောကျတဲ့ ရုရှား KGB အေးဂျင့်ဟောင်းကြီး Nikolai Ustinov နဲ့ မထင်မှတ်ဘဲ သွားတွေ့ပါတယ်။ မတူညီတဲ့ နောက်ခံသမိုင်းကြောင်းတွေနဲ့ ရန်သူတွေဖြစ်ခဲ့ကြပေမယ့် သူတို့နှစ်ယောက်ကြားမှာ မထင်မှတ်ထားတဲ့ မိတ်ဆွေသံယောဇဉ်တစ်ခု ဖြစ်တည်လာပါတယ်။ Troy တစ်ယောက် အသက်ရှင်လျက် အိမ်ပြန်နိုင်ဖို့အတွက် ဒီကြမ်းတမ်းတဲ့ KGB အေးဂျင့်ဟောင်းကြီးနဲ့ ဘယ်လိုတွေ ပူးပေါင်းပြီး အခက်အခဲတွေကို ရင်ဆိုင်ကျော်ဖြတ်သွားမလဲဆိုတာကို ကြည့်ရှုရမှာပါ။ လျှို့ဝှက်သည်းဖို အက်ရှင်အခန်းတွေအပြင် Ryan Reynolds ရဲ့ ပင်ကိုယ်ဟာသဉာဏ်နဲ့ Kenneth Branagh ရဲ့ တည်တည်ငြိမ်ငြိမ် သရုပ်ဆောင်ချက်တွေကြောင့် ဒီရုပ်ရှင်ဟာ ရယ်မောစရာတွေရော၊ စိတ်လှုပ်ရှားစရာတွေပါ ပေးစွမ်းနိုင်မယ့် Spy Thriller Buddy Comedy ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။

ဇာတ်လမ်းအကြောင်း