The X Files
နာမည်ကြီး လူကြိုက်များခဲ့တဲ့ 1993 ခုနှစ်က တီဗီဇာတ်လမ်းတွဲ The X-Files ကို အခြေခံ ရိုက်ကူးထားတဲ့ ရုပ်ရှင်ဖြစ်ပါတယ်၊ မင်းသား David Duchovny နဲ့ မင်းသမီး Gillian Anderson တို့က ဇာတ်လမ်းတွဲထဲက အဓိကဇာတ်ကောင်တွေဖြစ်တဲ့ မယ်လ်ဒါ နဲ့ စကာလီတို့အဖြစ် ပြန်လည်ပါဝင်ထားပါတယ် **ဇာတ်လမ်းအကျဉ်း** ဒီဇာတ်ကားက တီဗီဇာတ်လမ်းတွဲ Season 5 နဲ့ Season 6 အကြားမှာ ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေ ဆက်စပ်ပြီးရိုက်ကူးထား ရုပ်ရှင်ဖြစ်ပါတယ်၊ ဒီကားထဲမှာ အက်ဖ်ဘီအိုင် အေဂျင့်နှစ်ဦးဖြစ်တဲ့ မယ်လ်ဒါ နဲ့ စကာလီတို့ဟာ သာမန်အကြမ်းဖက်မှု တိုက်ဖျက်ရေး တာဝန်များကိုသာ ပြောင်းလဲလုပ်ကိုင်နေရပါတယ်၊ တစ်နေ့မှာတော့ ဒဲလ်လက်စ်မြို့က ဖက်ဒရယ် အဆောက်အအုံတစ်ခုမှာ ဗုံးပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ပါတယ်၊ ဒါပေမဲ့ မယ်လ်ဒါက ဒီဗုံးခွဲမှုကို သာမန်အကြမ်းဖက်မှုမဟုတ်ဘဲ၊ အဆောက်အုံတွင်းမှာ သေဆုံးသွားသူတွေဟာ အစတည်းက သေဆုံးပြီးသွားသူတွေဆိုတာရို ရိပ်မိသွားပါတော့တယ်၊ အဲဒီကနေစပြီး အေးဂျင့်စကာလီနဲ့ အတူတူ လိုက်စုံစမ်းကြည့်တဲ့အခါမှာတော့ ကိစ္စတွေဟာ ထင်သလောက် မရိုးရှင်းတာကို တဖြည်းဖြည်းသိလာရပါတယ်၊ အဲဒါကတော့ လျှို့ဝှက်အစိုးရ အဖွဲ့အစည်းတွေအပြင် ကမ္ဘာမြေပြင်ပက ဂြိုဟ်သားတွေရဲ့ ဗိုင်းရပ်စ်ပိုးတွေပါ ရှိနေတာပါ၊ အေးဂျင့်နှစ်ယောက် အတွဲညီညီနဲ့ အမှန်တရားကို ဘယ်လိုထုတ်ဖော်သွားမလဲဆိုတာ ရုပ်ရှင်ထဲမှာပဲ ခံစားကြည့်လိုက်ပါ
ဇာတ်လမ်းအကြောင်း