Hero
ဒီဇာတ်ကားလေးကတော့ နာမည်ကြီး ဂျပန်ဥပဒေဒရာမာ ဇာတ်လမ်းတွဲတစ်ခုကို ရုပ်ရှင်အဖြစ် ရိုက်ကူးထားတဲ Hero The Movie ဆိုတဲ့ ဂျပန် ဇာတ်ကားကောင်းလေး ဖြစ်ပါတယ်။ တရားမျှတမှုကို ရှာဖွေဖော်ထုတ်ပြီး နယ်စပ်တွေကို ကျော်ဖြတ်ကာ အမှန်တရားနောက်ကို ဇွဲမလျှော့ဘဲ လိုက်လံရှာဖွေတတ်တဲ့ ရှေ့နေတွေ အကြောင်းကို ရိုက်ကူး ပုံဖော်ထားပါတယ်။ အစိုးရရှေ့နေ ကူရီစံဟာ အမှုကို ဖြေရှင်းရာမှာ အဓိကသော့ချက်ဖြစ်တဲ့ နိုင်ငံခြားသံရုံးနဲ့ သက်ဆိုင်တဲ့ အမှုတစ်ခုကို တာဝန်ယူကိုင်တွယ်ခဲ့ပါတယ် အမှုနဲ့ပတ်သက်တဲ့ ပြည်ပနယ်မြေဆိုင်ရာ ကင်းလွတ်ခွင့်တွေကြောင့် စုံစမ်းစစ်ဆေးရာမှာ ရှေ့မတိုးသာ နောက်မဆုတ်သာ ဖြစ်ခဲ့ရပါတယ်။ အခက်အခဲတွေကို ရင်ဆိုင်ခဲ့ရပြီး ကူရီစံနဲ့ သူ့လက်ထောက် ရှေ့နေမလေးတို့က သံရုံးနောက်ကွယ် အမှန်တရားကို ဖော်ထုတ်ကြပါတော့တယ်.... ဂျပန်တရားစီရင်ရေးစနစ်နှင့် သံတမန်အထူးခွင့်အာဏာအရှုပ်အထွေးတွေကြားက မူးယစ်ဆေးဝါးမှောင်ခိုမှု မတော်တဆမှုတစ်ခု နောက်ကွယ်က အမှန်တရားကို ဖော်ထုတ်ရန် ကြိုးပမ်းကြပုံကို ကြည့်ရှုရမှာ ဖြစ်ပါတယ်။ ခက်ခဲနက်နဲတဲ့ အမှုတွေကို ဖြေရှင်းရာမှာ စိတ်ရှည်မှု အပြန်အလှန် နားလည်မှုနဲ့ လူချင်းတွေ့ဆုံစကားပြောခြင်းတို့ရဲ့ အရေးပါပုံကို သိရမှာဖြစ်ပါတယ်။ ဥပဒေရေးရာ ဒရာမာကြိုက်နှစ်သက်သူများအတွက် အရမ်း ကြည့်ကောင်းပြီး အဓိပ္ပာယ်ရှိတဲ့ မှုခင်းဇာတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်။
ဇာတ်လမ်းအကြောင်း