Delivery
၂၀၂၁ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Delivery ဟာ တောင်ကိုရီးယား အက်ရှင်နဲ့ ဟာသ Web Drama ဇာတ်လမ်းတွဲလေးတစ်ခုဖြစ်ပါတယ်။ နာမည်ကြီး K pop အဖွဲ့ (G)I-DLE က Miyeon နဲ့ မင်းသား Lee Tae vin တို့ အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဂွက်ဒူရှစ်ဟာ သိုင်းပညာကို ကျွမ်းကျင်ပိုင်နိုင်တဲ့ Delivery ဝန်ထမ်း ကောင်မလေးတစ်ယောက်ဖြစ်ပါတယ်။ သူဟာ ငယ်စဉ်ကတည်းက ပျောက်ဆုံးနေတဲ့ မိခင်ဖြစ်သူကို လိုက်လံရှာဖွေနေသူပါ။ သူအလုပ်လုပ်နေတဲ့ ပို့ဆောင်ရေးအေဂျင်စီမှာတော့ မန်နေဂျာ ဒိုဂီဟွမ်နဲ့ သူ့ရဲ့ညီလေး ဒိုဂျယ်မင်းတို့ရှိကြပါတယ်။ ဂွက်ဒူရှစ်နဲ့ဒိုဂီဟွမ်ကို သိုင်းပညာသင်ပေးခဲ့သူကတော့ Delivery အေဂျင်စီရဲ့ကိုယ်စားလှယ် ဂင်ထက်ချူးပါ။ ဂွက်ဒူရှစ်တစ်ယောက် အလုပ်လုပ်ရင်း မိခင်ဖြစ်သူကို ရှာဖွေခဲ့ရာ နိုင်ငံကို ဒုက္ခပေးမဲ့ လျှို့ဝှက်အကြံအစည်ကြီးတစ်ခုကို မမျှော်လင့်ဘဲ ဖော်ထုတ်မိသွားတဲ့အခါ လူဆိုးတွေကို ဘယ်လိုရင်ဆိုင်နှိမ်နင်းမလဲဆိုတာကို ဟာသနှောပြီး ရိုက်ကူးထားတာဖြစ်ပါတယ်။ ဒီဇာတ်ကားလေးက အပိုင်းတိုလေးပဲမို့လို့ အချိန်အများကြီးမပေးရဘဲ ပေါ့ပေါ့ပါးပါး ကြည့်ရှုနိုင်တဲ့ဇာတ်ကားလေးပါ။ အက်ရှင်နဲ့ ဟာသကို သေသေချာချာ ပေါင်းစပ်ထားလို့ စိတ်အပန်းပြေစေမဲ့ ဇာတ်ကားလေးဖြစ်ပါတယ်။ ဒီကားကို အညွှန်းနဲ့ဘာသာပြန်ဆိုသူက Huihui ဖြစ်ပါတယ်။
ဇာတ်လမ်းအကြောင်း