Pan
ဒီတစ်ခါမှာတော့ fantasy ဇာတ်လမ်းလေး တစ်ပုဒ်ဖြစ်တဲ့ “ပီတာပန်” ကို တင်ဆက်ပေးချင်ပါတယ်။ ပီတာပန် ဆိုတာနဲ့ ပျံသန်းနိုင်တဲ့ Neverland က ဘယ်တော့မှ အသက်ကြီး မလာမဲ့ ကောင်လေးဆိုပြီး ပရိတ်သတ်ကြီးနဲ့ ရင်းနှီးနေမှာပါ။ ဒီဇာတ်လမ်းထဲမှာတော့ ပီတာပန်လေးတစ်ယောက် ဘယ်လိုမျိုး Neverland ကို ရောက်သွားတာလဲဆိုတာကို ရိုက်ကူးပြထားတာပါ။ တကယ်တော့ ပီတာပန်က အစကတော့ ကမ္ဘာပေါ်က ကောင်ငယ်လေး တစ်ယောက်ပါပဲ။ တိတိကျကျ ပြောရရင် မိဘမဲ့ဂေဟာက ကောင်လေးပါ။ ပီတာပန်ဟာ တခြားကလေးတွေ မွေးစားခံရဖို့ မျှော်လင့်နေကြချိန်မှာ သူကတော့ ဂေဟာမှာပဲ သူ့အမေ ပြန်လာခေါ်မှာကို စောင့်နေတာပါ။ တစ်နေ့တခြား မွေးစားခံရတာ များလာပြီး လူနည်းလာတဲ့ ဂေဟာကို ပီတာပန်ကတော့ တစ်ခုခုက မူမမှန်ဘူးလို့ ထင်ခဲ့ပါတယ်။ တကယ်လည်း ဂေဟာက ကလေးတွေကို ရောင်းဝယ်နေခဲ့တာပါ။ ဒါပေမဲ့ ဒီကမ္ဘာပေါ်က လူတွေကို ရောင်းနေတာ မဟုတ်ဘဲ တခြားကမ္ဘာက လူတွေဆီကို ရောင်းနေတာပါ။ မုတ်ဆိတ်နက်ဆိုတဲ့ ပင်လယ်ဓားပြခေါင်းဆောင်က နတ်သမီးအမှုန့်ကို တူးဖို့ ကလေးတွေကို Neverland ကို ဖမ်းခေါ်လာခဲ့ရင်း ပီတာပန်လည်း ပါလာခဲ့ပါတယ်။ တစ်ခါတစ်ရံ ကံကြမ္မာဆိုတာက ဆန်းကြယ်ပြီး အနာဂတ်ဆိုတာကလည်း ကြယ်တွေဆီမှာ ရေးသားထားပြီးသားပါတဲ့။ တကယ်တော့ ပီတာပန်ဟာ ဒီဗီလိန် မုတ်ဆိတ်နက်ကို Neverland ကနေ တိုက်ထုတ်ဖို့ ဟောကိန်းထုတ်ခံထားရတဲ့ ကံကြမ္မာရဲ့ သားတော်ပါတဲ့။ တကယ်တော့ ပီတာပန်နဲ့ Neverland နဲ့က ဘယ်လို ဆက်နွယ်နေတာလဲ? ကပ္ပတိန် မုတ်ဆိတ်နက်ကို ရင်ဆိုင်ရမဲ့ ရေးထိုးထားတဲ့ ကံကြမ္မာကရော အကောင်အထည် ဖော်လာနိုင်မလား? ဒါ့အပြင် ပရိတ်သတ်ကြီး မမျှော်လင့်ထားတဲ့ ဇာတ်ကောင်တစ်ကောင် အကြောင်းကိုလည်း မြင်တွေ့ရမှာ ဆိုတော့... “ပျော်စရာ အတွေးလေး တစ်ခုကို တွေးထားလိုက်ပါ”
ဇာတ်လမ်းအကြောင်း