Paulie
ဒီကားလေးထဲက အဓိကဇာတ်ကောင်ကတော့ ကြက်တူရွေးလေး ပေါ်လီပဲ ဖြစ်ပါတယ်၊ သူက တခြား ကြက်တူရွေးတွေလိုမျိုး လူတွေကို သံယောင်လိုက်တာမျိုး မဟုတ်ဘဲနဲ့ လူတွေလိုမျိုးပဲ အပြန်အလှန် စကားပြောတတ်တဲ့ ကောင်လေးဖြစ်ပါတယ်၊ တိရစ္ဆာန်လေးတစ်ကောင်က ဒီလိုမျိုး ထူးခြားနေပြီဆိုရင် လူတွေရဲ့ လောဘတက်မှုတွေကြောင့် ထိခိုက်မှုတွေ ရှိလာနိုင်တာ အားလုံးသိကြပါလိမ့်မယ်၊ ဒီကြက်တူရွေးလေးရဲ့ မူလပိုင်ရှင်ကတော့ မာရီလို့ခေါ်တဲ့ ကလေးမလေး ဖြစ်ပါတယ်၊ သူ့ရဲ့အဖိုးက မြေးမလေးအတွက်ဆိုပြီး ပေါ်လီကို လက်ဆောင်ပေးခဲ့တာပါ၊ ပေါ်လီက မာရီ့ကို တွေ့တွေ့ချင်းမှာပဲ သံယောဇဥ်တွယ်သွားခဲ့တယ်၊ မာရီကလည်း ပေါ်လီကို သိပ်ချစ်တယ်၊ မာရီက စကားထစ်တဲ့ကောင်မလေးတစ်ယောက်၊ အဲဒါကြောင့် ပေါ်လီက စကားမထစ်အောင် စကားလုံးတွေနဲ့ ကူပြီး လေ့ကျင့်ပေးတတ်သေးတယ်၊ မာရီက ပေါ်လီစကားပြောတတ်ကြောင်း မိဘတွေကိုပြောတာ မယုံခဲ့ဘူး၊ တစ်နေ့မှာတော့ မာရီအတွက် အန္တရာယ်တစ်ခုဖြစ်ခဲ့တာကြောင့် ပေါ်လီနဲ့ မာရီကို ခွဲလိုက်ကြတယ်၊ မာရီက ပေါ်လီကို ပျံသန်းပြီးတော့ သူ့ဆီပြန်လာဖို့ တောင်းဆိုထားတာကြောင့် ကြက်တူရွေးလေး ပေါ်လီ့အတွက် သူ့ပိုင်ရှင်အစစ်ဆီကို ပြန်သွားဖို့ အမြဲတမ်း ကြိုးစားနေပုံကို တွေ့မြင်ရပါလိမ့်မယ်၊ လမ်းခရီးတစ်လျှောက် လူမျိုးစုံနဲ့တွေ့ခဲ့ရပြီး ကြက်တူရွေးလေးပေါ်လီရဲ့ အိမ်အပြန်ခရီးမှာ လိုက်ပါ ခံစားရမဲ့ ကားကောင်းလေး တစ်ကားဖြစ်ပါတယ်
ဇာတ်လမ်းအကြောင်း