ဇာတ်ကားများ ရွေးရန်

Moana

2026ဇာတ်ကားWeb-dl 4K SDR

ကမ္ဘာတစ်ဝန်းက ပရိသတ်တွေ ရူးရူးမူးမူး အားပေးခဲ့ကြတဲ့ Disney ရဲ့ နာမည်ကျော် အန်နီမေးရှင်း ဇာတ်ကားလေးဟာ ၂၀၂၆ ခုနှစ်မှာတော့ အသက်ဝင်လှုပ်ရှားနေတဲ့ Live-Action ရုပ်ရှင်ကြီးအဖြစ် ကျွန်တော်တို့ရှေ့ကို ရောက်ရှိလာပါပြီ။ ကျွန်းလေးတစ်ကျွန်းမှာ ကြီးပြင်းလာပြီး သမုဒ္ဒရာကြီးရဲ့ ရွေးချယ်ခြင်းခံရတဲ့ မိုအာနာ ဆိုတဲ့ ကောင်မလေးဟာ သူမရဲ့ လူမျိုးတွေကို ကယ်တင်ဖို့အတွက် ရဲရဲဝံ့ဝံ့နဲ့ ပင်လယ်ပြင်ကျယ်ကြီးထဲကို ရွက်လွှင့်ထွက်ခွာလာခဲ့ပါတယ်။ ဒီတစ်ခေါက်မှာတော့ အရင်က ကာတွန်းဇာတ်ကောင်လေးတွေ နေရာမှာ တကယ့် သရုပ်ဆောင်တွေက အသက်သွင်းထားတာဖြစ်လို့ ပိုပြီး လက်တွေ့ဆန်တဲ့ သမုဒ္ဒရာပြင်ရဲ့ အလှအပတွေနဲ့ ပိုလီနီးရှန်း ယဉ်ကျေးမှုတွေကို မျက်ဝါးထင်ထင် ခံစားရမှာပါ သူမရဲ့ ခရီးစဉ်တစ်လျှောက်မှာ အရေးအကြီးဆုံး အဖော်ဖြစ်လာမယ့်သူကတော့ လူတစ်ပိုင်း နတ်တစ်ပိုင်း စွမ်းအားရှင် မာဝီ ပဲ ဖြစ်ပါတယ်။ နာမည်ကျော် မင်းသားကြီး ဒွိန်းဂျွန်ဆင် ကိုယ်တိုင် ပြန်လည်ပါဝင် အသက်သွင်းထားတဲ့ မာဝီ နဲ့ မိုအာနာ တို့ နှစ်ယောက်သား သမုဒ္ဒရာပြင်ကျယ်ကြီးထဲမှာ ဧရာမ ပင်လယ်သတ္တဝါဆိုးကြီးတွေကို ရင်ဆိုင်ရင်း တေဖီတီ ရဲ့ နှလုံးသားကို မူလနေရာမှာ ပြန်လည်ထားရှိဖို့ ကြိုးစားကြပုံတွေကို ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုရမှာပါ။ သူတို့နှစ်ယောက်ကြားက အလွဲလွဲအချော်ချော် ဟာသတွေနဲ့အတူ ရန်သူတွေကနေ မိတ်ဆွေတွေအဖြစ် ပြောင်းလဲသွားတဲ့ သံယောဇဉ်ကိုလည်း အမိုက်စား ရိုက်ကူးပြသထားပါတယ် ဒီဇာတ်ကားကြီးဟာ ရိုးရှင်းတဲ့ စွန့်စားခန်းတစ်ခုသက်သက် မဟုတ်ဘဲ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု တည်ဆောက်ခြင်းနဲ့ ကိုယ်ဘယ်သူလဲဆိုတာကို ရှာဖွေတွေ့ရှိသွားတဲ့ မိန်းကလေးတစ်ယောက်ရဲ့ စိတ်ဓာတ်ခွန်အားပေး ဇာတ်လမ်းကောင်း တစ်ပုဒ်လည်း ဖြစ်ပါတယ်။ သရုပ်ဆောင်သစ် ကက်သရင်း လာဂါအာအီယာ က မိုအာနာ အဖြစ် အပီပြင်ဆုံး သရုပ်ဆောင်ထားပြီး ရင်သပ်ရှုမောဖွယ် အထူးပြုလုပ်ချက်တွေ၊ နားဆင်လို့ကောင်းတဲ့ မူရင်း သီချင်းတွေနဲ့အတူ ရုပ်ရှင်ရုံပိတ်ကားကြီးပေါ်မှာ အသက်ဝင်လာမယ့် စိတ်ကူးယဉ် ကမ္ဘာသစ်ကြီး တစ်ခုပါပဲ။ မိသားစုလိုက် ကြည့်ရှုလို့ကောင်းသလို စွန့်စားခန်းနဲ့ အလှအပတွေကို ခုံမင်တဲ့ ရုပ်ရှင်ချစ်သူတိုင်းအတွက် လုံးဝ လက်မလွတ်သင့်တဲ့ Disney ရဲ့ ဇာတ်ကားကြီး တစ်ကားဖြစ်ကြောင်း အထူးပဲ ညွှန်းဆိုပေးလိုက်ပါတယ်

ဇာတ်လမ်းအကြောင်း