ဇာတ်ကားများ ရွေးရန်

Code Blue: The Movie

2018ဇာတ်ကားBlu-ray 1080p

ဒီတစ်ခေါက် ဇာတ်ကားလေးကတော့ နာမည်ကြီးတဲ့ ဂျပန်ဆေးဘက်ဆိုင်ရာ ဒရမ်မာဇာတ်လမ်းတွဲတစ်ခုဖြစ်တဲ့ Code Blue ရဲ့ ရုပ်ရှင်ဗားရှင်းဖြစ်တဲ့ "Code Blue: The Movie (2018)"ဆိုတဲ့ ဇာတ်ကားကောင်းလေးပဲ ဖြစ်ပါတယ်။ ရဟတ်ယာဉ် အရေးပေါ်ကုသရေး ဒေါက်တာဟယ်လီ (Doctor Helicopter) အဖွဲ့သားတွေရဲ့ အသက်ကယ်ဆယ်ရေး လုပ်ငန်းစဉ်တွေ ဖိစီးမှုတွေနဲ့ လူနာတွေအပေါ် ထားရှိတဲ့ စေတနာတွေကို လက်တွေ့ကျကျ ပုံဖော်ရိုက်ကူးထားပါတယ်။ အရေးပေါ်အခြေအနေတွေမှာ ဆရာဝန်တွေနဲ့ သူနာပြုတွေရဲ့ မားမားမတ်မတ် ရပ်တည်ပုံ လူနာတွေရဲ့ ဘဝအလှည့်အပြောင်းတွေကို စိတ်လှုပ်ရှားဖွယ် တွေ့မြင်ရမှာ ဖြစ်ပါတယ်။ ဂျပန်နိုင်ငံ နာရီတာလေဆိပ်နှင့် အနီးအဝေး ဒေသ​တွေမှာ မမျှော်လင့်ထားတဲ့ ဘေးအန္တရာယ်တွေ မတော်တဆမှုတွေကို ကူညီ ကယ်တင်ဖို့ ရဟတ်ယာဥ်အဖွဲ့က အသင့်အနေအထားနဲ့ အမြဲ ရှိနေပါတယ်။ အလုပ်အတူလုပ်ရင်း ရင်းနှီးလာခဲ့ကြတဲ့ ဆရာဝန်တွေနဲ့ သူနာပြုတွေရဲ့ ဆက်ဆံရေး အချင်းချင်း အားပေးကူညီကြပုံတွေက ဇာတ်ကားကို ပိုမို အသက်ဝင်စေခဲ့ပါတယ်။ ဒေါက်တာ ဖူဂျီခါဝါစံနဲ့ သူနာပြု ဆရာမ​လေး ဆာဂျီမာစံတို့ရဲ့ မင်္ဂလာပွဲအခမ်းအနားနဲ့ အတိတ်က အခက်အခဲတွေကို ကျော်ဖြတ်လာကြပုံတွေနဲ့ အားပေးစကား ဆုတောင်းစကားတွေ ဝိုင်းပြောပေးကြတဲ့ လုပ်ဖော်ကိုင်ဖက်တွေနဲ့မိသားစုဆန်ဆန် ချစ်ခြင်းမေတ္တာကို ပြသထားပါတယ်။ ဒီဇာတ်ကားဟာ လူ့ဘဝရဲ့ တန်ဖိုးသူငယ်ချင်းအချင်းချင်း ချစ်ခင်မှုနဲ့ တာဝန်ဝတ္တရားတွေကိုပါ လှပစွာ ပုံဖော်ပေးထားတဲ့ ဇာတ်ကားကောင်းတစ်ကားပဲ ဖြစ်ပါတယ်။

ဇာတ်လမ်းအကြောင်း