ဇာတ်ကားများ ရွေးရန်

Rage

2016ဇာတ်ကားအမှတ် 7/10Web-dl 1080p

ဒီတစ်ခေါက် ဇာတ်ကားလေးကတော့ Rage လို့အမည်ရတဲ့ နာမည်ကြီး သည်းထိတ်ရင်ဖို ရာဇဝတ်မှု ဒရမ်မာဇာတ်ကားကောင်း တစ်ကားပဲ ဖြစ်ပါတယ်။ တိုကျိုမြို့မှာ စုံတွဲတစ်တွဲ ရက်စက်စွာ အသတ်ခံရပြီး လူသတ်သမားက သွေးနဲ့ "Rage" (ဒေါသ) ဆိုတဲ့စာလုံးကို ရေးထားခဲ့ပါတယ်။ လူသတ်တရားခံက မျက်နှာခွဲစိတ်ပြီး ထွက်ပြေးတိမ်းရှောင်နေပါတယ်။ သူခွဲစိတ်လိုက်တဲ့ မျက်နှာက တာရှီရိုကွန်ဆိုတဲ့ ကောင်လေး မျက်နှာနဲ့ သွားတူနေပါတယ်။ ဒီတော့ တာရှီရိုတစ်ယောက် ဝရမ်းပြေးဘဝ ရောက်ရရှာပါတယ်။တကယ်က သူက အကြွေးမဆပ်နိုင်လို့ ယာကူဆာဂိုဏ်းကို ရှောင်ပြီး ပုန်းနေရတဲ့သူတစ်ယောက် ဖြစ်ပါတယ်။ ​ဒီလိုနဲ့ ဂျပန်နိုင်ငံရဲ့ နေရာသုံးခု (ချီဘာ တိုကျိုနဲ့ အိုကီနာဝါ) မှာ ပုံစံချင်းမတူတဲ့ လူငယ်အမျိုးသား သုံးဦး ထွက်ပေါ်လာပြီး သက်ဆိုင်ရာ ဒေသခံတွေနဲ့ အချစ်ရေးဆက်ဆံရေးတွေ တည်ဆောက်ကြပါတယ်။ ဒါပေမဲ့ အဲဒီ​ကောင်​လေးသုံး​ယောက်ထဲက တစ်ယောက်က အလိုရှိနေတဲ့ လူသတ်တရားခံ ဖြစ်နေနိုင်တယ်ဆိုတဲ့ အချက်နဲ့ ရဲတပ်ဖွဲ့ ရှာဖွေဖော်ထုတ်စုံစမ်းရာမှာတော့...ဘာတွေ ဆက်ဖြစ်လာမှာလဲ....??? ရာဇဝတ်မှုစုံစမ်းစစ်ဆေးရေး ရုပ်ရှင်တစ်ကားဆိုတာထက် လူသားတစ်ယောက်နဲ့ တစ်ယောက်အပေါ် ဘယ်လိုယုံကြည်ရမလဲ ကိုယ့်ရဲ့ သံသယစိတ်တွေက ဘယ်လောက်အထိ ဆိုးကျိုးသက်ရောက်နိုင်လဲဆိုတဲ့ စိတ်ပိုင်းဆိုင်ရာ (Psychological aspect) ကို ပိုပြီး အဓိကထား ရိုက်ကူးထားပါတယ်။ ရိုးရိုး ရာဇဝတ်မှုဇာတ်ကား တစ်ကားမဟုတ်ဘဲ လူ့စိတ်နှလုံးရဲ့ အမှောင်ဖုံးတဲ့နေရာတွေ မလွှဲမရှောင်သာ ဖြစ်ပေါ်လာတဲ့ ဒေါသနဲ့ နားလည်မှုလွဲမှားမှုတွေကို သရုပ်ဖော်ထားတဲ့ အနုပညာမြောက် ဒရမ်မာဇာတ်ကားကောင်း တစ်ကားဖြစ်ပါတယ်။ လေးနက်တဲ့ ခံစားချက်ဇာတ်လမ်းတွေ ကြိုက်နှစ်သက်သူတွေနဲ့ နာမည်ကြီးသရုပ်ဆောင်တွေရဲ့ အကောင်းဆုံး သရုပ်ဆောင်ချက်တွေကို ကြည့်ရှုလိုသူတွေအတွက် လက်မလွှတ်သင့်တဲ့ ဇာတ်ကားကောင်းတစ်ကားပဲ ဖြစ်ပါတယ်။

ဇာတ်လမ်းအကြောင်း