ဇာတ်ကားများ ရွေးရန်

Fierce Cop

2022ဇာတ်ကားWeb-dl 1080p

ဒီတစ်ခေါက်မှာတော့ ဒါရိုက်တာChen Daliရိုက်ကူးထားတဲ့ Fierce Cop (2022) ဆိုတဲ့ မှုခင်း/အက်ရှင်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်နော်။ ဇာတ်လမ်းအညွှန်း "မျှော်လင့်ချက်ဆိုတာ… အမှောင်ထဲက အလင်းရောင်လေးတစ်စပါပဲ...ငါတို့ လက်မလျော့သေးသရွေ့ တစ်နေ့တော့ ပြန်တွေ့နိုင်မှာပါ" ကျန်းထူ ရဲအရာရှိကျန်းထူဟာ အမှုတစ်ခုကို စုံစမ်းဖော်ထုတ်ရင်း နိုင်ငံတကာ လူကုန်ကူးဂိုဏ်းကြီးတစ်ခုရဲ့ သဲလွန်စတွေကို စုံစမ်းဖော်ထုတ်မိသွားခဲ့ပါတယ်။ထို့ကြောင့် ထိုလူကုန်ကူးဂိုဏ်းရဲ့ ပြစ်မှတ်ထားခြင်းခံရပြီး ကျန်းထူရဲ့ သားဖြစ်သူ ရှောင်ကျယ်ကို လူကုန်ကူးဂိုဏ်းက ပြန်ပေးဆွဲသွားပါတော့တယ်။သားဖြစ်သူလူကုန်ကူးဂိုဏ်းရဲ့ ဖမ်းဆီးခြင်းကိုခံလိုက်ရတဲ့အခါ ကျန်းထူတစ်ယောက် ဘာကိုမှမစဉ်းစားနိုင်တော့ဘဲ သားဖြစ်သူကိုကယ်တင်ဖို့ အသည်းအသန် လိုက်လံရှာဖွေပါတော့တယ်။ဒါပေမဲ့ သူရင်ဆိုင်ရတာက သာမန်ရာဇဝတ်ဂိုဏ်းတစ်ခုမဟုတ်ဘဲ အန္တရာယ်များတဲ့ နိုင်ငံတကာ လူကုန်ကူးကွန်ရက်ကြီးတစ်ခု ဖြစ်နေတဲ့အခါမှာတော့ အချိန်နဲ့အမျှ အန္တရာယ်က ပိုနီးကပ်လာပြီး ကျန်းထူတစ်ယောက် သားဖြစ်သူကို အချိန်မီရှာတွေ့နိုင်မလား..? သားဖြစ်သူကို အသက်ရှင်ရက် ပြန်ကယ်နိုင်ပါ့မလား...? ရာဇဝတ်ဂိုဏ်းကိုရော အမြစ်ပြတ်ဖော်ထုတ်နိုင်ပါ့မလား...?ဆိုတာကို အက်ရှင်ခန်းပေါင်းများစွာနဲ့ ရင်တထိတ်ထိတ်ကြည့်ရှုခံစားရမှာပဲဖြစ်ပါတယ်။ ဒီဇာတ်ကားလေးဟာဆိုရင်တော့ အက်ရှင်ခန်းတွေအပြင် သားတစ်ယောက်အတွက် ဖခင်တစ်ယောက် ဘယ်လောက်ထိသန်မာပြီး သတ္တိရှိလဲဆိုတဲ့ မိဘမေတ္တာကို နားလည်ခံစားရစေမယ့် ဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။ အညွှန်းနဲ့ ဘာသာပြန်သူကတော့ Nay Chii ဖြစ်ပါတယ်။

ဇာတ်လမ်းအကြောင်း