ဇာတ်ကားများ ရွေးရန်

Dreams Come True

2010ဇာတ်ကားWeb-dl 1080p

ဇာတ်လမ်းရဲ့ ကျောရိုးကတော့ ၂၀၀၂ခုနှစ် ကမ္ဘာ့ဖလား (တောင်ကိုရီးယားနဲ့ ဂျပန် ပူးတွဲအိမ်ရှင်အဖြစ် ကျင်းပခဲ့တဲ့အချိန်) ကို အခြေခံထားပါတယ်။ တောင်ကိုရီးယားနဲ့ မြောက်ကိုရီးယား နယ်စပ် စစ်မဲ့ဇုန်မှာ တာဝန်ကျနေတဲ့ မြောက်ကိုရီးယား စစ်သား တစ်စုဟာ ဘောလုံးကစားနည်းကို အရမ်းကို ရူးသွပ်ကြတဲ့ သူတွေပါ။ ကမ္ဘာ့ဖလားပွဲစဉ်တွေကို တိုက်ရိုက်ကြည့်ရှုခွင့် မရှိပေမဲ့ တောင်ကိုရီးယားဘက်ကနေ အသံချဲ့စက်တွေ၊ ရေဒီယိုတွေကတစ်ဆင့် လွှင့်နေတဲ့ အသံလွှင့်တာတွေကို လျှို့ဝှက်ပြီး ခိုးနားထောင်ရာကနေ ဇာတ်လမ်းစတင်ပါတယ်။ သူတို့ရဲ့ အထက်အရာရှိတွေ မသိအောင် ဘောလုံးပွဲရလဒ်တွေကို ဘယ်လို ဖုံးကွယ်ပြီး နားထောင်ကြမလဲ? ရန်သူတွေလို သတ်မှတ်ထားတဲ့ တောင်ကိုရီးယား စစ်သားတွေနဲ့ အားကစားကြောင့် ဘယ်လိုကြည်နူးစရာ အချိတ်အဆက်တွေ ဖြစ်လာမလဲ ဆိုတာကို စိတ်ဝင်စားဖွယ် ရိုက်ကူးထားတာ ဖြစ်ပါတယ်။ နယ်စပ်စည်းရိုးတွေ၊ နိုင်ငံရေး အယူအဆတွေ ကွဲပြားနေပေမဲ့ "ဘောလုံး" ဆိုတဲ့ အားကစားတစ်ခုတည်းအောက်မှာ လူသားတွေရဲ့ စိတ်ဓာတ်ရေးရာ တူညီမှု၊ ခင်မင်မှုနဲ့ နားလည်ပေးနိုင်မှုတွေကို သေသေချာချာ မီးမောင်းထိုးပြထားတဲ့ဇာတ်ကားလေးပါ။ ဒီဇာတ်ကားလေးဟာ ဇာတ်အိမ်ခိုင်ခိုင်နဲ့ စိတ်အပန်းပြေစေမဲ့ ဇာတ်ကားကောင်း တစ်ကားဖြစ်လို့ လက်မလွှတ်တမ်း ကြည့်ရှုဖို့ တိုက်တွန်းချင်ပါတယ်။ ဒီကားကို အညွှန်းနဲ့ဘာသာပြန်ဆိုသူက Huihui ဖြစ်ပါတယ်။

ဇာတ်လမ်းအကြောင်း