ဇာတ်ကားများ ရွေးရန်

Madonna

2015ဇာတ်ကားWeb-dl 1080p

ဒါရိုက်တာ Shin Su-won ရိုက်ကူးထားတဲ့ "Madonna" ဇာတ်ကားဟာ Cannes ရုပ်ရှင်ပွဲတော်ရဲ့ Un Certain Regard ကဏ္ဍမှာ ပြသခွင့်ရတဲ့အထိ အောင်မြင်မှုရရှိခဲ့ပြီး လူ့အဖွဲ့အစည်းရဲ့ အမှောင်ဘက်ခြမ်းနဲ့ လူတန်းစားကွာဟမှုတွေကို အထူးပြု ရိုက်ကူးထားတဲ့ ဇာတ်ကားကောင်း တစ်ကားဖြစ်ပါတယ်။ ဟယ်ရင်ဟာ ဆေးရုံတစ်ခုရဲ့ VIP လူနာဆောင်မှာ အလုပ်လုပ်နေတဲ့ သူနာပြုအကူတစ်ယောက်ပါ။ သူဟာ ကိုယ်တစ်ခြမ်းသေပြီး အသက်ငင်နေတဲ့ သူဌေးကြီးကို ပြုစုပေးရပါတယ်။ သူဌေးကြီးရဲ့သားဖြစ်သူ ဆန်းဝူကတော့ ဖခင်ကို ဆက်လက်အသက်ရှင်နေစေဖို့ နည်းလမ်းပေါင်းစုံနဲ့ ကြိုးစားနေသူပါ။ ဖခင်ကို အသက်ဆက်ဖို့အတွက် နှလုံးအစားထိုးကုသရန် လိုအပ်နေချိန်မှာတော့ မီနာ လို့ခေါ်တဲ့ ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ယောက်ဟာ ဦးနှောက်သေဆုံးနေတဲ့ အခြေအနေနဲ့ ဆေးရုံကို ရောက်ရှိလာပါတယ်။ သူ့ရဲ့ခန္ဓာကိုယ် ဖွဲ့စည်းပုံကြောင့် လူတွေက သူ့ကို "Madonna" လို့ နာမည်ပြောင် ပေးထားကြတာပါ။ ဆန်းဝူက မီနာရဲ့နှလုံးကို ဖခင်ဖြစ်သူအတွက် အစားထိုးဖို့ ဆုံးဖြတ်လိုက်ပြီး ဟယ်ရင်ကို ငွေပေးကာ မီနာရဲ့မိသားစုကိုရှာဖွေပြီး ကိုယ်တွင်းအင်္ဂါလှူဒါန်းဖို့ သဘောတူညီချက်ရအောင် လုပ်ခိုင်းပါတော့တယ်။ ဟယ်ရင်တစ်ယောက် မီနာရဲ့ အတိတ်ကို ခြေရာခံ စုံစမ်းရင်း မီနာတစ်ယောက် ဘယ်လို ဒုက္ခမျိုးစုံကြုံတွေ့ခဲ့ရပြီး လူ့အဖွဲ့အစည်းရဲ့ ဖိနှိပ်မှု၊ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုတွေကို ဘယ်လို ခါးသီးစွာ ခံစားခဲ့ရတယ်ဆိုတာကို တဖြည်းဖြည်း ဖော်ထုတ်သိရှိလာရတဲ့အခါ... ဒီကားကို အညွှန်းနဲ့ဘာသာပြန်ဆိုသူက Huihui ဖြစ်ပါတယ်။

ဇာတ်လမ်းအကြောင်း