The Continent
ဒီတစ်ခေါက်မှာတော့ စာရေးဆရာ Han Han (韩寒) ရဲ့ ပထမဆုံး ဒါရိုက်တာအဖြစ်ရိုက်ကူးခဲ့တဲ့ The.Continent.2014ဆိုတဲ့ ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်းအညွှန်း "လမ်းခွဲခြင်းတွေကြားက လူငယ်သုံးဦးရဲ့ ခရီးစဥ်တစ်ခု.... လူငယ်ဘဝမှာ တစ်ခါတလေ ကိုယ်ဘယ်ကိုသွားမယ်ဆိုတာ သေချာမသိနိုင်ပေမယ့်… ဘယ်သူတွေနဲ့အတူ လျှောက်လှမ်းခဲ့လဲဆိုတာကတော့ အမှတ်တရအဖြစ် ကျန်နေတတ်ပါတယ်။" တစ်ချိန်က အတူတူကြီးပြင်းလာခဲ့တဲ့ သူငယ်ချင်းတွေဟာ အချိန်ကြာလာတဲ့အခါ ကိုယ့်လမ်းကိုယ် ရွေးချယ်ပြီး တစ်ယောက်နဲ့တစ်ယောက် ဝေးကွာသွားကြတတ်ပါတယ်။မာဟောင်ဟန် ကျန်းဟယ်နဲ့ ဟူရှန်းတို့ သူငယ်ချင်းသုံးဦးဟာလည်း သူတို့နေထိုင်ရာ ကျွန်းငယ်လေးကနေ ထွက်ခွာပြီး တရုတ်နိုင်ငံတစ်ဝှမ်းကို ခရီးရှည်တစ်ခု စတင်ကြပါတယ်။ အစမှာတော့ ရိုးရိုးခရီးထွက်ခြင်းတစ်ခုလိုပဲထင်ရပေမယ့် လမ်းတစ်လျှောက်မှာ တွေ့ဆုံရတဲ့လူတွေနဲ့ အဖြစ်အပျက်တွေက သူတို့သုံးယောက်ရဲ့ ဘဝအမြင်တွေကို တဖြည်းဖြည်း ပြောင်းလဲစေပါတယ်။ခရီးစဉ်အတွင်းမှာ အချစ် မိတ်ဆွေဆက်ဆံရေး မိသားစု အိပ်မက်နဲ့ အတိတ် တွေကို ပြန်လည်ရင်ဆိုင်ရပြီး တစ်ချို့လူတွေက ခဏတာတွေ့ဆုံပြီး ပြန်လမ်းခွဲသွားကြသလို တစ်ချို့ဆက်ဆံရေးတွေကတော့ ဘဝတစ်လျှောက် အမှတ်တရဖြစ်နေစေခဲ့ပါတယ်။ဒါကြောင့် သူတို့ရဲ့ ခရီးစဥ်ဟာ နေရာတစ်နေရာကို ရောက်ဖို့သက်သက် မဟုတ်ဘဲ လူငယ်ဘဝကနေ အရွယ်ရောက်လာတဲ့အခါ ဘာတွေကို ဆက်ထိန်းထားမလဲ... ဘာတွေကို လွှတ်ချရမလဲဆိုတာကို နားလည်လာစေတဲ့ ခရီးတစ်ခုလည်း ဖြစ်ပါတယ်။အထူးသဖြင့် သူတို့သုံးယောက်ရဲ့ ခင်မင်မှုဟာ ခရီးရှည်လာတာနဲ့အမျှ အရင်လို မဟုတ်တော့ဘဲ တစ်ယောက်ချင်းစီရဲ့ အိပ်မက်နဲ့ ရွေးချယ်မှုတွေကြောင့် လမ်းခွဲရမယ့်အခြေအနေ ကို ရောက်လာတဲ့အချိန်မှာတော့.... "တစ်ခါတလေ ခရီးဆုံးကို ရောက်ဖို့ထက် ခရီးလမ်းမှာ ဘယ်သူတွေနဲ့အတူ ရှိခဲ့လဲဆိုတာက ပိုအရေးကြီးပါတယ်။" ဒီဇာတ်ကားလေးဟာဆိုရင်တော့ ကျွန်တော်တို့အားလုံးရဲ့ဘဝတစ်လျှောက်မှာ လူငယ်ဘဝကို ဖြတ်သန်းရင်း တစ်ချိန်က ကိုယ်နဲ့အတူရှိခဲ့တဲ့သူတွေကို တဖြည်းဖြည်း ဆုံးရှုံးသွားရတဲ့အကြောင်း... လူတိုင်းမှာ ကိုယ်ပိုင်လမ်းရှိကြောင်းနဲ့ တွေ့ဆုံခြင်းတိုင်းမှာ လမ်းခွဲခြင်းတစ်ခုက စောင့်နေတတ်ကြောင်းကို ရိုးရိုးရှင်းရှင်းနဲ့ရိုက်ကူးပုံဖော်ထားတဲ့ ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်။ အညွှန်းနဲ့ ဘာသာပြန်သူကတော့ Nay Chii ဖြစ်ပါတယ်။
ဇာတ်လမ်းအကြောင်း