Ten Months
မီရယ် ဆိုတဲ့ မိန်းကလေးဟာ အသက် ၂၉ နှစ်အရွယ်ဖြစ်ပြီး ဂိမ်းဖန်တီးတဲ့ အလုပ်ကို လုပ်ကိုင်နေသူဖြစ်ကာ သူ့မှာ ယွန်းဟိုလို့ခေါ်တဲ့ ရည်းစားတစ်ယောက်လည်းရှိပါတယ်။ တစ်နေ့မှာတော့ မမျှော်လင့်ဘဲ သူ့မှာ ကိုယ်ဝန်ရှိနေမှန်း သိလိုက်ရတဲ့အခါ သူ့ရဲ့အေးချမ်းနေတဲ့ ဘဝလေး ကမောက်ကမ ဖြစ်သွားရပါတော့တယ်။ ကလေးကိုမလိုချင်တဲ့အတွက် မီရယ်တစ်ယောက် ဒီကိုယ်ဝန်ကို ဖျက်ချဖို့လုပ်ခဲ့ပါတယ်။ ဒါပေမဲ့ ကိုယ်ဝန်ဖျက်ချစရိတ်ကြီးနေတဲ့အတွက် ချီတုံချတုံဖြစ်နေခဲ့ရင်း အချိန်ကြာလာခဲ့ပါတယ်။ ဒီကားဟာ ကိုယ်ဝန်လွယ်ထားရတဲ့ ကာလအတွင်းမှာ ကြုံတွေ့ရတဲ့ မီရယ်ရဲ့ စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ အပြောင်းအလဲတွေကို အဓိကထား ရိုက်ကူးထားတာပါ။ ကိုယ်ဝန်ကြောင့် အလုပ်အကိုင် အခွင့်အလမ်း ဆုံးရှုံးရမဲ့ အခြေအနေ၊ ချစ်သူကောင်လေးနဲ့ ကြားက အဆင်မပြေမှုတွေအပြင် မိသားစုနဲ့ လူ့ပတ်ဝန်းကျင်က ဖိအားတွေကို ဘယ်လိုရင်ဆိုင်ကျော်ဖြတ်မလဲ ဆိုတာကို လက်တွေ့ကျကျ ပုံဖော်ထားပါတယ်။ အမျိုးသမီးတွေရဲ့အခက်အခဲကို ဟာသလေးနှောပြီး ပေါ့ပေါ့ပါးပါး တင်ဆက်ထားပေမဲ့ ပေးချင်တဲ့ မက်ဆေ့ချ်ကတော့ တော်တော်လေး ထိရောက်မှုရှိလို့ သေချာပေါက် ကြည့်ရှုသင့်တဲ့ ဇာတ်ကားကောင်းတစ်ကားပါ။ ဒီကားကို အညွှန်းနဲ့ဘာသာပြန်ဆိုသူက Huihui ဖြစ်ပါတယ်။
ဇာတ်လမ်းအကြောင်း