ဇာတ်ကားများ ရွေးရန်

Love Barista

2025ဇာတ်ကားWeb-dl 1080p

ဂန်ဂျွန်းဝူဟာ အာရှမှာ အအောင်မြင်ဆုံးဖြစ်နေတဲ့ ကိုရီးယားထိပ်တန်းမင်းသားတစ်လက်ပါ။ ကြော်ငြာရိုက်ဖို့ ဗီယက်နမ်ကိုလာခဲ့ပြီး ကြော်ငြာစာချုပ်ကလည်း သက်တမ်းပြည့်သွားတဲ့အပြင် သူရိုက်ချင်နေတဲ့ ဇာတ်ကားမှာလည်း သူနဲ့အပြိုင်ရွေးချယ်ခံရမဲ့လူရှိနေလို့ မကျေမချမ်းဖြစ်နေခဲ့ပါတယ်။ ဒီလိုနဲ့ ဗီယမ်နမ်မှာ Fan meetingလုပ်မဲ့ကိစ္စနဲ့ပတ်သက်ပြီး သူ့ရဲ့မန်နေဂျာနဲ့ စကားများပြီး သန့်စင်ခန်းသွားဖို့ ရုတ်တရက်ထွက်သွားရာကနေ ပြဿနာစပါတော့တယ်။ ဂန်ဂျွန်းဝူရဲ့ပတ်စ်ပို့က လေယာဉ်ပေါ်တက်သွားတဲ့ မန်နေဂျာဖြစ်သူထံပါသွားခဲ့ကာ ဂန်ဂျွန်းဝူကတော့ ဗီယက်နမ်မှာ အိမ်သာတက်ရင်း ကျန်နေခဲ့ပါတော့တယ်။ မထင်မှတ်ထားတဲ့ အဖြစ်အပျက်တွေကြောင့် ပတ်စ်ပို့ရော ပိုက်ဆံပါမရှိဘဲ ဖုန်းပါပျက်သွားတဲ့အခါ သူစိမ်းတိုင်းပြည်မှာ ဒုက္ခရောက်နေတဲ့ သူ့ကို ဘာရစ္စတာတစ်ယောက်ဖြစ်ချင်နေတဲ့ ဗီယက်နမ်ကောင်မလေး ထာအိုက သနားပြီး အိမ်မှာခေါ်ထားလိုက်ရပါတယ်။ မတူညီတဲ့ဘဝနှစ်ခုက လူနှစ်ယောက်ဆုံတွေ့ပြီးနောက်ပိုင်း ဂန်ဂျွန်းဝူတစ်ယောက် သူအရင်က မဖြတ်သန်းဖူးတဲ့ သာမန်ဘဝလေးတစ်ခုကို ကြုံတွေ့လာရပါတယ်။ သူတို့နှစ်ယောက်ကြားမှာ ရယ်မောစရာ အလွဲလေးတွေနဲ့အတူ အချစ်ဇာတ်လမ်းလေး ဘယ်လိုပွင့်လန်းလာမလဲဆိုတာကို ပေါ့ပေါ့ပါးပါးနဲ့ ကြည့်ရှုရမဲ့ ရိုမန့်တစ်ဟာသဇာတ်ကားကောင်းလေးတစ်ကား ဖြစ်ပါတယ်။ ဒီကားကို အညွှန်းနဲ့ဘာသာပြန်ဆိုသူက Huihui ဖြစ်ပါတယ်။

ဇာတ်လမ်းအကြောင်း