8MM
တွန် ဝဲလ်စ်က လူငယ်အလွတ်တန်းစုံထောက်တစ်ယောက်ဖြစ်ပြီး သာမန်စုံစမ်းရေးအမှုတွေကို လက်ခံလုပ်ကိုင်နေသူတစ်ယောက်ပါ။ တစ်နေ့မှာတော့ ချမ်းသာတဲ့ မိသားစုတစ်ခုကနေ ထူးခြားပြီး စိတ်မသက်မသာဖြစ်စရာ စုံစမ်းမှုတစ်ခုကို လက်ခံရရှိလာပါတယ်။ သေဆုံးသွားပြီဖြစ်တဲ့ သူဠေးကြီးချန်ထားခဲ့တဲ့ အမွေဆက်ခံပစ္စည်းတွေထဲမှာ ထူးဆန်းတဲ့ 8mm ဖလင်တစ်ခုကို တွေ့ရှိခဲ့ရပြီး ဖလင်ထဲမှာ ရိုးရိုးသာမာန် ရုပ်ရှင်တစ်ခုမဟုတ်ဘဲ အလွန်ကြောက်မက်ခြောက်ခြားဖွယ်ကောင်းတဲ့ ဖြစ်ရပ်တစ်ခုကို မှတ်တမ်းတင်ထားတာ ဖြစ်နေပါတယ်။ ဒီလိုနဲ့ စုံထောက် တွန် က အဲဒီဖလင်ထဲက အမျိုးသမီးဘယ်သူလဲ၊ အဲဒီရုပ်ရှင်ကို ဘယ်သူတွေ ရိုက်ကူးခဲ့တာလဲ၊ ဖြစ်ရပ်ရဲ့နောက်ကွယ်မှာ ဘယ်လိုလူတွေနဲ့ အဖွဲ့အစည်းတွေ ပါဝင်နေသလဲဆိုတာကို အဖြေရှာစုံစမ်းရဖို့ ဖြစ်လာပါတော့တယ်။ ဒီ စုံစမ်းစစ်ဆေးမှုက တစ်ဆင့်ပြီးတစ်ဆင့် ရှေ့ဆက်လာတာနဲ့အမျှ သူတွေ့ရှိလာရတဲ့ သဲလွန်စတွေက ပိုမိုမှောင်မိုက်လာပြီး သူ မထင်ထားခဲ့တဲ့ အန္တရာယ်ရှိတဲ့ လောကတစ်ခုထဲကို ဆွဲခေါ်သွားပါတော့တယ်။ အမှန်တရားကို ရှာဖွေရင်းနဲ့ တွန် ဟာ အမှောင်လမ်းတစ် လျှောက်မှာ မိတ်ဆွေအသစ်တွေကို ရှာတွေ့ခဲ့ရင်း တစ်ပြိုင်နက်မှာပဲ ဘယ်အရာကိုမဆို ငွေနဲ့ဝယ်ယူနိုင်တယ်လို့ ယုံကြည်ထားသူတွေ၊ ရာဇဝတ်လောကထဲက ရက်စက်ကြမ်းကြုတ်သူတွေနဲ့ပါ ရင်ဆိုင်ရပါတော့တယ်။ ဒီအမှုကို ဖြေရှင်းနိုင်ဖို့ ကြိုးစားရင်း တွန် ရဲ့ ကိုယ်ပိုင်လုံခြုံရေးသာမက ကိုယ်ကျင့်တရားနဲ့ စိတ်ပိုင်းဆိုင်ရာခံနိုင်ရည်ကိုပါ စမ်းသပ်ခံရလာပါတယ်။ ဇာတ်လမ်းက ရှည်ကြာလာလေ ဇာတ်လမ်းရဲ့အမှောင်ထုက တဖြည်းဖြည်း ပိုမိုလေးနက်လာပြီး၊ စုံစမ်းထောက်လှမ်းမှုတစ်ခုက လူတစ်ယောက်ရဲ့စိတ်ကို ဘယ်လောက်အထိ ပြောင်းလဲပစ်နိုင်သလဲဆိုတာကို ထင်ရှားစွာ မြင်တွေ့ရမှာပါဖြစ်ပါတယ်။ 8MM (1999) ဟာ ရာဇဝတ်မှု၊ လျှို့ဝှက်ဆန်းကြယ်မှုနဲ့ Psychological Thriller အရသာတွေကို ပေါင်းစပ်ထားတဲ့ ဇာတ်ကားတစ်ကားဖြစ်ပြီး အစကနေအဆုံးထိ တင်းမာမှုကို ထိန်းသိမ်းထားနိုင်တဲ့ ဇာတ်လမ်းမျိုးပါ။ အမှန်တရားတစ်ခုကို ရှာဖွေဖို့ စတင်ခဲ့တဲ့ ခရီးဟာ နောက်ဆုံးမှာ ဘယ်လောက်အထိ အန္တရာယ်များတဲ့နေရာကို ရောက်ရှိသွားမလဲဆိုတာ အလှည့်အပြောင်းတွေနဲ့အတူ စိတ်လှုပ်ရှားစွာ ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။ အမြင့်မသင့်တော်တဲ့ ဇာတ်ဝင်ခန်းတွေနဲ့ ညှင်းပန်းနှိပ်စက်တာလို ဇာတ်ဝင်ခန်းတွေပါလို့ မိသားစုနဲ့အတူ ကြည့်ရှုရန် မသင့်ပါ။
ဇာတ်လမ်းအကြောင်း