Anon
ဒီတစ်ခေါက် M-sub Movie ကနေတင်ဆက်ပေးမယ့် ဇာတ်ကားလေးကတော့ ဒါရိုက်တာAndrew Niccol ရိုက်ကူးထားပြီး Clive Owen နဲ့ Amanda Seyfried ပါဝင်သရုပ်ဆောင်ထားတဲ့ "Anon-2018" ဆိုတဲ့ Sci-Fi / Crime Thriller ဇာတ်ကားလေးပဲဖြစ်ပါတယ်။ ဇာတ်လမ်းအညွှန်း အနာဂတ်ကာလတစ်ခုမှာ လူသားတွေရဲ့ Privacy ဆိုတာ မရှိတော့တဲ့ ကမ္ဘာတစ်ခု ဖြစ်လာပါတယ်။ လူတိုင်းရဲ့မျက်လုံးထဲမှာ တပ်ဆင်ထားတဲ့ နည်းပညာစနစ်က သူတို့မြင်သမျှ၊ ကြားသမျှ၊ တွေ့ကြုံသမျှကို အလိုအလျောက် မှတ်တမ်းတင်ပေးနေပါတယ်။ ရဲတွေကလည်း အဲဒီမှတ်တမ်းတွေကို အသုံးပြုပြီး ရာဇဝတ်မှုတွေကို အလွယ်တကူ စုံစမ်းဖော်ထုတ်နိုင်တာကြောင့် ပြစ်မှုကျူးလွန်သူတွေဟာ ဖုံးကွယ်ဖို့ မလွယ်တော့ဘဲ ရာဇဝတ်မှုတွေကလည်း အလွန်နည်းပါးသွားပါတယ်။ဒါပေမယ့် တစ်နေ့မှာ စုံထောက်ဆယ်လ်ဖရီးလန်းဟာ ထူးဆန်းတဲ့ လူသတ်မှုတွေ ဆက်တိုက်ဖြစ်ပွားနေတဲ့အမှုကို စုံစမ်းရပါတော့တယ်။ ပုံမှန်အမှုတွေမှာ ရဲတွေဟာ သေဆုံးသူရဲ့ မျက်လုံးမှတ်တမ်းကို ပြန်ကြည့်ရုံနဲ့ လူသတ်သမားကို ရှာနိုင်ပေမယ့် ဒီအမှုမှာတော့ သေဆုံးသူရဲ့ မှတ်တမ်းထဲမှာ လူသတ်သမားရဲ့ပုံရိပ် ရှိမနေခဲ့ဘဲ တစ်စုံတစ်ယောက်က သူတို့ရဲ့အမြင်အာရုံကို ဟက်ခ်လုပ်ပြီး မှတ်တမ်းတွေကို ပြောင်းလဲထားတာဖြစ်နေပါတယ်။ပိုပြီးအံ့သြစရာကောင်းတာက လူသတ်သမားဟာ တခြားသူတွေရဲ့ မှတ်တမ်းတွေကိုပါ ဝင်ရောက်ဖျက်ဆီးနိုင်ပြီး သူတို့မြင်ခဲ့တာတွေကို အလိုရှိသလို ပြောင်းလဲနိုင်တဲ့ အမည်မသိ ဟက်ကာတစ်ယောက် ဖြစ်နေပါတယ်။ ဆယ်လ်ဟာ ထိုအမှုကိုစုံစမ်းရင်း မှတ်တမ်းထဲမှာ ခြေရာလက်ရာမရှိတဲ့ အမျိုးသမီးတစ်ယောက်ကို တွေ့ရှိလာပါတယ်။ သူမရဲ့ အမည်၊ မျက်နှာ၊ ကိုယ်ရေးမှတ်တမ်း… ဘာတစ်ခုမှ စနစ်ထဲမှာ ရှာမတွေ့နိုင်တဲ့အခါမှာတော့... သူမက ဘယ်သူလဲ...? ဘာကြောင့် လူတိုင်းရဲ့နေ့စဥ်ဘဝကို မြင်နိုင်တဲ့ စနစ်ကြီးထဲမှာ သူမတစ်ယောက်တည်းပဲ ဘာမှမမြင်ရတဲ့လူ ဖြစ်နေရတာလဲ..?မျက်လုံးနဲ့မြင်ရတာတောင် လိမ်ညာထားနိုင်တဲ့ ကမ္ဘာမှာ ဆယ်လ်တစ်ယောက် အမှန်တရားကို ဘယ်လိုရှာမလဲ...?ဆိုတာကို စိတ်ဝင်စားဖွယ် ပြသထားတဲ့ Sci-Fi Thriller ဇာတ်ကားကောင်းတစ်ကားပဲ ဖြစ်ပါတယ်။ အညွှန်း&ဘာသာပြန်သူ - KN
ဇာတ်လမ်းအကြောင်း