Vacancy
မိုတယ်မှ ခြောက်ခြားဖွယ်ရာ ညတစ်ည Luke Wilson နဲ့ Kate Beckinsale တို့ရဲ့ အတွဲညီညီ သရုပ်ဆောင်ချက်ကို မြင်တွေ့ရမဲ့ ဇာတ်ကားကောင်းလေး သားဖြစ်သူ သေဆုံးသွားပြီနောက် အေမီတစ်ယောက် စိတ်ကျရောဂါ ရလာခဲ့ပြီး ကိုယ့်ကိုယ်ကိုယ်ရော တခြားသူကိုပါ အပြစ်ဖို့လာပါတယ်။ ဒေးဗစ်လည်း ကူညီဖို့ ကြိုးစားပေမဲ့ နောက်ဆုံးမှာတော့ စကားနိုင်လုပွဲတွေကို အဆုံးသတ်နိုင်ဖို့ ကွာရှင်းဖို့ပဲ ဆုံးဖြတ်လိုက်ကြပါတယ်။ တစ်ရက်မှာ အေမီ မိဘတွေရဲ့ မင်္ဂလာနှစ်ပတ်လည်နေ့ကို အတူတူ သွားကြရင်း မြန်မြန် ရောက်အောင် ဖြတ်လမ်းကနေ သွားမိရာကနေ တစ်သက်မမေ့နိုင်စရာ သည်းထိတ် ရင်ဖို ညတစ်ညကို ကြုံတွေ့လိုက်ရပါတော့တယ်။ ဖြစ်ပုံကတော့ မိုင်ပေါင်းများစွာ မောင်းလာတဲ့ကားဟာ လူပြတ်တဲ့ ဖြတ်လမ်းမှာ ပျက်သွားခဲ့တာပါပဲ။ အနီးအနားမှာ ဆီဆိုင်နဲ့ မိုတယ် ရှိလို့ တော်သေးတယ်လို့ ဖြေသိမ့်မိပေမဲ့ ဘယ်သူသိခဲ့မလဲ အဲဒီမိုတယ်ဟာ တကယ်တော့ လမ်းပျောက်သူ ခရီသွားများအတွက် ပြန်တက်မလာနိုင်မဲ့ အိပ်မက်ဆိုး ချောက်ကမ်းပါး ဖြစ်နေခဲ့မယ် ဆိုတာကို... လမ်းပျောက်တဲ့ ခရီးသွားတွေအတွက် ထောင်ထားတဲ့ ဒီထောင်ချောက် မိုတယ်ကနေ အေမီနဲ့ ဒေးဗစ်တို့ အသက်ရှင်ကျန်ရစ်နိုင်ပါ့မလား... အရေးကြီးမှ သွေးနီးသည် စကားလို မချစ်လို့ မဟုတ်ဘဲ မနှစ်ရက်လို့ လမ်းခွဲခဲ့တဲ့ ဇနီးမောင်နှံနှစ်ယောက်ရော ဒီလို အရေးကြီးတဲ့ အချိန်မှာ သွေးပြန်နီးသွားနိုင်မလား... သည်းထိတ်ရင်ဖို ကြိုက်နှစ်သက်သူများအတွက် ဇာတ်ကားရဲ့ စလယ်ဆုံး ချိုချဉ်ဖန်ခါး အရသာ ပေါင်းစုံနဲ့ ဆွဲဆောင် သွားမှာမို့ အခုပဲ ကြည့်ရှုနိုင်ဖို့ တင်ဆက်ပေးလိုက်ရပါတယ်။
ဇာတ်လမ်းအကြောင်း