ဇာတ်ကားများ ရွေးရန်

Vishwanath and Sons

2026ဇာတ်ကားWeb-dl 1080p

အိုလံပစ်ပြိုင်ပွဲမှာ ရွှေတံဆိပ်ဆုကြီးကို ဆွတ်ခူးနိုင်ခဲ့တဲ့ ဆန်ဂျူး ဆိုတဲ့ အောင်မြင်တဲ့စီးပွားရေးလုပ်ငန်းရှင် လူပျိုကြီးဟာ မိခင်ဖြစ်သူရဲ့ မျိုးဆက်ပြတ်သွားမှာကို အမြဲပူပန်နေရှာတဲ့ပြဿနာကို ဖြေရှင်းပေးဖို့ အငှားကိုယ်ဝန်ဆောင်စနစ်နဲ့ ရလာတဲ့ ကလေး‌လေး အာဘေးကို ခေါ်လာပြီး မီဒီယာတွေကို အံ့အားသင့်သွားစေခဲ့ပါတယ်။ ဒါပေမဲ့ အာဘေးလေးမှာ အသက်အန္တရာယ်ရှိတဲ့ ရောဂါတစ်ခုကြောင့် အရေးပေါ် ရိုးတွင်းခြင်ဆီ အစားထိုးကုသဖို့ လိုအပ်လာတဲ့အခါမှာတော့ ဆန်ဂျူး တစ်ယောက် ဆန်ဖရန်စစ္စကိုမြို့အထိ သွားရောက်ပြီး အငှားကိုယ်ဝန်ဆောင်မိခင်ဖြစ်တဲ့ ဆေးကျောင်းသူလေး မက်ဒီကို ပိုက်ဆံပေးပြီး အကူအညီထပ်တောင်းခဲ့ရပါတယ်။ အစပိုင်းမှာ သူတို့နှစ်ဦးကြား အဆင်မပြေမှုတွေ၊ မိသားစု အတိတ်ဒဏ်ရာဟောင်းတွေနဲ့ အတားအဆီးများစွာ ရှိခဲ့ပေမဲ့ အချိန်ကာလတွေကြာလာတဲ့အခါမှာတော့ အပြန်အလှန်နားလည်မှုတွေ၊ ချစ်ခြင်းမေတ္တာတွေနဲ့ မိသားစုသံယောဇဉ်တွေ ဘယ်လိုတိုးပွားလာမလဲ၊ ပြီးတော့ ဆန်ဂျူး တစ်ယောက် မိသားစုရဲ့ ဂုဏ်သိက္ခာကို ပြန်လည်ဖော်ထုတ်ရင်း မက်ဒီ နဲ့ရော အတိတ်ရဲ့ ဒဏ်ရာဟောင်းတွေကိုပါ အောင်မြင်စွာ ကျော်လွှားနိုင်ပါ့မလားဆိုတာကို ခံစားချက်အပြည့်နဲ့ ရှုစားကြရမယ့် စိတ်ဝင်စားစရာ ဇာတ်ကားကောင်းလေးပဲ ဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ ဆန်ဂျူး အဖြစ် မင်းသား Suriya နဲ့ မက်ဒီ အဖြစ် မင်းသမီး Mamitha Baiju တို့က အဓိက ပါဝင်သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။ ဒီဇာတ်ကားကို အညွှန်းနဲ့ ဘာသာပြန်ဆိုသူက Cherry ဖြစ်ပါတယ်။

ဇာတ်လမ်းအကြောင်း