ဇာတ်ကားများ ရွေးရန်

Legendary Amazons

2011ဇာတ်ကားBlu-ray 1080p

ဒီတစ်ခေါက်မှာတော့ ဒါရိုက်တာက Frankie Chanရိုက်ကူးထားပြီး ထုတ်လုပ်သူအဖြစ် Jackie Chan ပါဝင်ထားတဲ့ "Legendary Amazons (2011)"ဆိုတဲ့ တရုတ်သမိုင်းနောက်ခံဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်နော် ဇာတ်လမ်းအညွှန်း စုန့်မင်းဆက်ခေတ်မှာ တိုင်းပြည်ရဲ့နယ်စပ်ဒေသတွေဟာ စစ်မီးတောက်လောင်နေခဲ့ပါတယ်။ယန်မိသားစုဟာ မိသားစုအစဉ်အဆက် တိုင်းပြည်ကို ကာကွယ်ပေးခဲ့ကြတဲ့ စစ်သူကြီးမိသားစုတစ်စုဖြစ်ပါတယ်။ ဒီမိသားစုရဲ့ အမျိုးသားစစ်သည်တွေဟာ တစ်ယောက်ပြီးတစ်ယောက် စစ်ပွဲမှာ ကျဆုံးသွားခဲ့ရပြီး နောက်ဆုံးမှာတော့ ယန်ကျုံးပေါင်တစ်ဦးသာ ကျန်ရှိပါတော့တယ်။တစ်နေ့မှာတော့ ရန်သူတွေနဲ့ တိုက်ပွဲတစ်ခုအတွင်းမှာ ယန်ကျုံးပေါင်ပါ ကျဆုံးသွားတဲ့အခါမှာတော့ ဇနီးဖြစ်သူမုကွေ့ရင်ဟာ ခင်ပွန်းအတွက်ပူဆွေးသောကရောက်ချိန်တောင်မရှိဘဲ စုန့်ပြည်ထောင်ကို ကာကွယ်ပြီး ရန်သူတပ်တွေကို ရှင်းလင်းရန် အကြောင်းဖန်လာပါတော့တယ်။ယန်မိသားစုရဲ့ ကျန်ရှိနေတဲ့ အမျိုးသမီးတွေဟာလည်း အိမ်ထဲမှာပဲနေမယ့်အစား ကိုယ်တိုင်လက်နက်ကိုင်ပြီး စစ်မြေပြင်ထဲ ဝင်ရောက်ဖို့ ဆုံးဖြတ်လိုက်ကြပါတယ်။ယန်မိသားစုအတွက် ဒီစစ်ပွဲဟာ တိုင်းပြည်ကို ကာကွယ်ဖို့အတွက်သာ မဟုတ်ပါဘဲ ကျဆုံးသွားခဲ့တဲ့ မိသားစုဝင်တွေရဲ့ ဂုဏ်သိက္ခာကို ထိန်းသိမ်းပြီး ယန်မိသားစုရဲ့ စစ်သူရဲကောင်းအမွေအနှစ်ကို ဆက်လက်ထိန်းသိမ်းဖို့နဲ့ မိမိတို့ရဲ့ မိသားစုကို ကာကွယ်ဖို့အတွက်ဖြစ်ပါတယ်။ သစ္စာဖောက်မှု၊ စစ်ရေးဗျူဟာတွေ၊ မိသားစုအတွင်းက ဝမ်းနည်းစရာဆုံးရှုံးမှုတွေနဲ့ အန္တရာယ်များတဲ့ တိုက်ပွဲတွေကြားမှာ မုကွေ့ရင်နဲ့ ယန်မိသားစုရဲ့ အမျိုးသမီးစစ်သည်တွေဟာ နောက်ဆုံးအချိန်အထိ မဆုတ်မနစ် တိုက်ပွဲဝင်ကြရပါတော့တယ်။အဆုံးသတ်မှာတော့ ယန်မိသားစုရဲ့ အမျိုးသမီးတွေက စစ်မြေပြင်မှာ အောင်ပွဲခံနိုင်ပါ့မလား ...? မိသားစုဂုဏ်သိက္ခာနဲ့ တိုင်းပြည်အတွက် အမျိုးသမီးစစ်သည်တွေ ဘယ်လိုရဲရဲဝံ့ဝံ့တိုက်ပွဲဝင်ကြမလဲ..?ဆိုတာကို ဇာတ်ကားလေးနဲ့အတူ ကြည့်ရှုခံစားလိုက်ကြရအောင်ပါနော်။ အညွှန်းနဲ့ ဘာသာပြန်သူကတော့ Nay Chii ဖြစ်ပါတယ်။

ဇာတ်လမ်းအကြောင်း