ဇာတ်ကားများ ရွေးရန်

Emperor

2012ဇာတ်ကားBlu-ray 1080p

* Movie Request ထဲကဇာတ်ကားဖြစ်ပါတယ် ဒုတိယကမ္ဘာစစ်အပြီး ၁၉၄၅ ခုနှစ်၊ ဂျပန်နိုင်ငံ လက်နက်ချလိုက်ချိန်မှာ မဟာမိတ်တပ်ပေါင်းစုရဲ့ စစ်သေနာပတိချုပ် ဗိုလ်ချုပ်ကြီး မက်အာသာ (General Douglas MacArthur) ဟာ ဂျပန်နိုင်ငံကို ရောက်ရှိလာခဲ့ပါတယ်။ သူက ဂျပန်စစ်ရာဇဝတ်ကောင်တွေကို ဖမ်းဆီးစစ်ဆေးရန်နှင့် စစ်ပွဲအတွင်း အဓိကတာဝန်ရှိသူတွေကို အပြစ်ပေးဖို့ တာဝန်ရှိလာပါတယ်။ မက်အာသာဟာ သူ့ရဲ့ လက်ထောက်ဖြစ်သူ ဗိုလ်မှူးချုပ် ဘွန်နာ ဖဲလား (Bonner Fellers) ကို"ဂျပန်ဧကရာဇ် ဟိရိုဟီတို (Emperor Hirohito) ဟာ စစ်ရာဇဝတ်ကောင်ဟုတ်မဟုတ်၊ သူ့ကို ကြိုးမိန့်ပေးကွပ်မျက်သင့်သလား" ဆိုတဲ့ မေးခွန်းကို အချိန် ၁၀ ရက်အတွင်း အဖြေရှာ စုံစမ်းစစ်ဆေးဖို့ တာဝန်ပေးအပ်ခဲ့ပါတယ်။ ဧကရာဇ်ကို စစ်ရာဇဝတ်ကောင်အဖြစ် သတ်မှတ်ကွပ်မျက်လိုက်ရင် ဂျပန်ပြည်သူတွေရဲ့ ပြင်းထန်တဲ့ တော်လှန်ပုန်ကန်မှုနှင့် ကြုံတွေ့ရနိုင်သလို၊ လွှတ်ပေးထားပြန်ရင်လည်း အမေရိကန်ပြည်သူတွေရဲ့ မကျေနပ်မှုကို ခံရမှာဖြစ်တဲ့အတွက် အဲဒီ ဆုံးဖြတ်ချက်ဟာ အလွန်အမင်း အရေးပါနေပါတယ်။ ဖဲလားဟာဂျပန်အရာရှိကြီးတွေ၊ ဝန်ကြီးချုပ်ဟောင်းတ္နနှင့် နန်းတွင်းအမတ်များကို တစ်ဦးပြီးတစ်ဦး စုံစမ်းစစ်ဆေးခဲ့ပါတယ်။ အဲဒီလို စစ်ဆေးရင်း ဖဲလားမှာ အခြားသော ကိုယ်ပိုင် ရည်ရွယ်ချက်တစ်ခုလည်း ရှိနေခဲ့ပါတယ်။ စစ်မဖြစ်ခင် အမေရိကန်မှာ ကျောင်းတက်နေတုန်းက တွေ့ဆုံချစ်ကြိုက်ခဲ့တဲ့ သူ့ရဲ့ချစ်သူ အာယာ (Aya)ရဲ့ သတင်းတွေကို ရှာဖွေချင်တာပဲဖြစ်ပါတယ်။ စုံစမ်းစစ်ဆေးမှုတွေအရ ဧကရာဇ်သည် စစ်ပွဲစတင်ရန် လှုံ့ဆော်ခဲ့ခြင်းထက် ဂျပန်စစ်တပ်၏ ရာဇသံများနှင့် စစ်လိုလားသူများ၏ ဖိအားအောက်တွင် ရောက်ရှိနေခဲ့ကြောင်း၊ စစ်ပွဲအဆုံးသတ် လက်နက်ချချိန်တွင်မူ နန်းတွင်းပုန်ကန်မှုများကြားမှပင် မိမိကိုယ်တိုင် အသံဖိုင်စက်တင်ကာ စစ်ပွဲရပ်တန့်ရန် မိန့်ခွန်းထုတ်ပြန်ခဲ့ကြောင်း သက်သေအထောက်အထားအချို့ ရရှိခဲ့ပါတယ်။ ဒါ့အပြင် ဖဲလားဟာ သူ၏ချစ်သူ အာယာမှာ စစ်ပွဲအတွင်း အမေရိကန်တပ်၏ ဗုံးဒဏ်ကြောင့် သေဆုံးသွားခဲ့ပြီဖြစ်ကြောင်း ဝမ်းနည်းဖွယ် သိရှိလိုက်ရပါတယ်။ စုံစမ်းစစ်ဆေးချိန် ၁၀ ရက်ပြည့်သွားတဲ့အခါမှာ ဖဲလားဟာ ဗိုလ်ချုပ်ကြီး မက်အာသာထံ အစီရင်ခံစာ တင်ပြခဲ့ပါတယ်။ ဗိုလ်ချုပ်ဖဲလားရဲ့ အစီရင်ခံစာထဲမှာ ဘာတွေရေးထားမလဲ။ ဧကရာဇ်ကရော ကြိုးမိန့်ပေးခံလိုက်ရမှာလား စတဲ့ဇာတ်လမ်းဇာတ်ကွက်တွေကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမယ့် ဇာတ်ကားကောင်းလေး တစ်ခုပဲဖြစ်ပါတယ်။

ဇာတ်လမ်းအကြောင်း