ဇာတ်ကားများ ရွေးရန်

Grendel

2017ဇာတ်ကားWeb-dl 1080p

ဒီဇာတ်ကားဟာ တောင်ကိုရီးယား မှုခင်းနဲ့ လျှို့ဝှက်ဆန်းကြယ်ဇာတ်ကားအမျိုးအစား ဖြစ်ပါတယ်။ ဇာတ်ကားအစမှာ ပါမောက္ခတစ်ယောက် အသတ်ခံရတဲ့အကြောင်းကနေ စတင်ထားပါတယ်။ အဲဒီလူသတ်မှုဟာ Sigmund လို့အမည်ရတဲ့ဝတ္ထုထဲက လူသတ်ဂိမ်းကစားနည်းအတိုင်း အတိအကျ ကျူးလွန်ထားတာပါ။ ဒီလိုကူးချပြီး ကျူးလွန်တဲ့လူသတ်မှုကြောင့် မူရင်းဝတ္ထုရေးသူ ဟန်ဂျွန်းဟာ ရုတ်တရက် နာမည်ကြီးလာပြီး မမျှော်လင့်ဘဲ အောင်မြင်မှုတွေ ရရှိလာပါတယ်။ သူဟာ ဒီအခြေအနေကို အသုံးချပြီး မီဒီယာတွေနဲ့ တခြားသူတွေကိုပါ သူ့ရဲ့ကိုယ်ကျိုးအတွက် လှည့်စားခဲ့ပါတယ်။ ဒါပေမဲ့ တစ်လအကြာမှာတော့ ဟန်ဂျွန်းဆီကို အမည်မသိလူတစ်ယောက်ဆီကနေ ခြိမ်းခြောက်စာတစ်စောင် ရောက်လာပါတယ်။ အဲဒီထဲမှာ ဟန်ဂျွန်းရဲ့ ဖုံးကွယ်ထားတဲ့ လျှို့ဝှက်ချက်တွေကို သိနေကြောင်းနဲ့ တကယ့်လူသတ်သမားက ဘယ်သူလဲဆိုတာကို ဖော်ထုတ်မပေးရင် သူ့ရဲ့အောင်မြင်မှုတွေကို ဖျက်ဆီးပစ်မယ်လို့ ခြိမ်းခြောက်ထားပါတယ်။ လူတစ်ယောက်ရဲ့အောင်မြင်မှုနောက်ကွယ်က လောဘနဲ့အတ္တတွေကို ပေါ်လွင်အောင် ရိုက်ကူးထားတဲ့ ဇာတ်ကားဖြစ်လို့ ဘယ်သူတွေက ဘယ်လိုဇာတ်သိမ်းမျိုးနဲ့ကြုံတွေ့ရမလဲဆိုတာ ဇာတ်ကားလေးထဲမှာ ဆက်လက်ကြည့်ရှုပေးကြပါနော်။ ဒီကားကို အညွှန်းနဲ့ဘာသာပြန်ဆိုသူက Huihui ဖြစ်ပါတယ်။

ဇာတ်လမ်းအကြောင်း