ဇာတ်ကားများ ရွေးရန်

The Fix

2026ဇာတ်ကားWeb-dl 1080p

ဒီတစ်ခါမှာတော့ ဒီနှစ်ထွက် အသစ်စက်စက် မင်းသားကြီး Liam Neeson ရဲ့ အက်ရှင်ကားသစ်လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ သတင်းပေးကို တာလီဘန်တွေ လက်ထဲကနေ ကယ်ဖို့ ကြိုးစားရင်း နောက်ဆုံးမှာ လက်လွှတ်လိုက်ရတော့မှာကြောင့် သတင်းပေးကို သတ်ပစ်ဖို့ တပ်ဖွဲ့ ၃၃ ‌ခေါင်းဆောင် တက်ကာက ဆုံးဖြတ်ခဲ့ပါတယ်။ ဒါပေမဲ့ ဒီဆုံးဖြတ်ချက်ကြောင့်ပဲ အဖွဲ့ တစ်ခုလုံးဟာ ဘာပင်စင်ကြေး၊ ဘာနစ်နာကြေးမှ မရဘဲ အလုပ်ကနေ အနားခံလိုက်ရပါတယ်။ ဘဝရဲ့ ဆယ်နှစ်စုလောက်ကို တိုင်းပြည်အတွက်၊ နိုင်ငံအတွက် ပေးဆပ်ထားပြီး နောက်ဆုံး ပြန်ရလိုက်တာက ခြေတု တစ်ခုပဲတဲ့လေ။ တစ်နေ့မှာတော့ အကြီးအကဲ လာရီဟာ အယ်လ်ဇိုင်းမား ရောဂါ ခံစားနေရပြီး သူတို့ ဟိုးအရင်က အီရန်မှာ စစ်ဆင်ရေး လုပ်ရင်း ဟိုတယ် တစ်ခုရဲ့ နံရံမှာ ဝှက်ထားခဲ့တဲ့ ဒေါ်လာ ၂၅ သန်း အကြောင်း တက်ကာကို ထုတ်ပြောလိုက်မိပါတယ်။ ဆိုးရွားနေတဲ့ လက်ရှိ ဘဝကြီးမှာ သူ့သွေးသောက်တွေ အတွက်ရော၊ သူ့မိသားစုအတွက်ပါ ပိုက်ဆံ ရှာနိုင်ရင်တော့ ပိုကောင်းလာမှာပဲဆိုပြီး ဒီစစ်ဆင်ရေးကို လုပ်ဖို့ သူ့ရဲဘော်တွေကို ပြန်စုခဲ့ပါတော့တယ်။ ဒါပေမဲ့ တည်နေရာကို သေသေချာချာ သိ‌တဲ့ အမျိုးသမီးက အီရန်မှာ ဝရမ်း ထုတ်ခံထားရတဲ့ သူသမီးကို ကယ်ထုတ်နိုင်မှပဲ တည်နေရာကို ပြောပြမယ်လို့ ညှိနှိုင်းလာခဲ့ပါတယ်။ ဒီလိုနဲ့ ဝှက်ထားတဲ့ ပိုက်ဆံ သွားဖော်မဲ့ မစ်ရှင်ကနေ လူကယ်တဲ့ မစ်ရှင် ဖြစ်သွားခဲ့ရပါတော့တယ်။ စစ်ကား၊ အက်ရှင်ကား ကြိုက်နှစ်သက်တဲ့ ပရိတ်သတ်ကြီးအတွက်တော့ ရင်ဖိုစရာ ခံစားချက် ကောင်းကောင်း ရနိုင်မှာဖြစ်ပြီး မြုပ်ကွက်အနေနဲ့ ဇာတ်ကားရဲ့ ခေါင်းစဉ် “The Fix” ( ပြင်ဆင်ခြင်း) ဆိုတာကရော ဘာကို ပြင်ဆင်တာ ဖြစ်မလဲဆိုတာ ကိုယ်တိုင် ကြည့်ရှု့ အဖြေရှာကြည့်နိုင်ပါပြီ။

ဇာတ်လမ်းအကြောင်း