ဇာတ်ကားများ ရွေးရန်

Idiots

2026ဇာတ်ကားWeb-dl 1080p

Idiots ဆိုတဲ့ နာမည်အတိုင်းပဲ လမ်းခရီးတစ်လျှောက်မှာ တလွဲတွေ ဖြစ်မဲ့ ဟာသကား တစ်ပုဒ်ဖြစ်ပါတယ်၊ အစောပိုင်းတုန်းက Shitheads ဆိုတဲ့ နာမည်ကနေမှ Idiots ဆိုတဲ့ နာမည်ကို ပြောင်းပြီးထွက်လာတဲ့ Crime Comedy အမျိုးအစားတစ်ခုဖြစ်ပါတယ်၊ *ဇာတ်လမ်းအကျဥ်း* ဇာတ်လမ်းအစမှာတော့ အဓိက ဇာတ်ကောင် နှစ်ဦးဖြစ်သူ ဒေးဗစ်စ် နဲ မက်ခ်တို့ နှစ်ယောက်ဟာ သူတို့ရဲ့ ပုံမှန်အလုပ်ကနေ ပြုတ်ပြီးတော့ အခြေအနေဆိုးနေတဲ့ လူတွေဖြစ်ပါတယ်၊ တစ်နေ့မှာတော့ သူတို့နှစ်ယောက်တွေ့ဖို့အတွက် အကြောင်းတစ်ခုဖန်လာခဲ့ပါတယ်၊ အဲဒါကတော့ Online ပေါ်မှာ အရမ်းနာမည်ကြီးနေတဲ့ ရှယ်ရီဒန်ဆိုတဲ့ ကျိကျိတက် ချမ်းသာတဲ့ ကောင်လေးတစ်ယောက်ကို မူးယစ်ဆေးဖြတ်စခန်းဆီကို လိုက်ပို့ရမှာပါ၊ ဒါပေမဲ့ ဒီကောင်လေးကို လိုက်ပို့ရတဲ့အလုပ်ဟာ လက်တွေ့မှာတော့ ထင်သလောက် မရိုးရှင်းခဲ့ဘူး၊ သူဌေးသားလေး ရှယ်ရီဒန်ဟာ Online မှာ နာမည်ကြီးသလောက် လက်တွေ့လောကမှာတော့ မိတ်ဆွေစစ်မရှိဘူး၊ အဲထက်ဆိုးတာက တစ်ခါတုန်းက သူဟာ အိမ်ရာမဲ့တစ်​ယောက်ကို မီးနဲ့ရှို့ခဲ့ဖူးတဲ့သူ ဖြစ်နေတယ်၊ ဒါပေမဲ့လည်း မိဘတွေက ချမ်းသာတာကြောင့် ပိုက်ဆံနဲ့ဖြေရှင်းပြီး ရှယ်ရီဒန်ကို ဆေးဖြတ်စခန်းဆီပဲ ပို့ဆောင်စေခဲ့တယ်၊ ရှယ်ရီဒန်က အသက်ငယ်ပေမဲ့ ဥာဏ်များသလို၊ အမျိုးမျိုးလည်း လှည့်စားတတ်သေးတယ်၊ လမ်းခရီးတစ်လျှောက်လုံးမှာ အမျိုးမျိုး လှည့်ကွက်တွေသုံးပြီး ထွက်ပြေးဖို့ ကြံစည်ခဲ့သလို၊ ကလိမ်ကျတာမျိုးတွေနဲ့ မက်ခ်နဲ့ ဒေးဗစ်စ်တို့ကို ဆေးခပ်တာမျိုးတွေလည်း လုပ်ခဲ့သေးတယ်၊ အဆိုးဆုံးကတော့ သူတို့ရောက်နေတဲ့ နေရာ၊ စီးနေတဲ့ကားအမျိုးအစား ကားနံပါတ်တွေနဲ့ သူ့ကို နှာဘူးနှစ်ယောက်က ပြန်ပေးဆွဲထားတဲ့အကြောင်း အွန်လိုင်းပေါ်မှာ လိမ်ညာပြီး တင်လိုက်တာပဲ၊ ဒီလိုတင်လိုက်တာကြောင့် ဆေးဖြတ်စခန်းဆီ သွားရာ လမ်းတစ်လျှောက်မှာ သူဌေးသားလေးကို လေးစားအားကျနေတဲ့ ဖော်လိုဝါတွေ၊ လူဆိုးတွေက ကောင်လေးကို ကယ်ထုတ်ဖို့ လိုက်လာကြပါတော့တယ်၊ လမ်းခရီးတစ်လျှောက်မှာ မထင်မှတ်ထားတွေ၊ လွဲချော်မှုတွေနဲ့ ဟာသဆန်ဆန်ကြည့်ရမဲ့ Crime Comedy အမျိုးအစား ရုပ်ရှင် တစ်ကားဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း