King of Prison 2
ဒီဇာတ်ကားဟာ ပထမကားရဲ့ အဆက်ဖြစ်ပြီး ထောင်တွင်းအာဏာလုပွဲတွေကို ပိုမိုပြင်းထန်လှတဲ့ အက်ရှင်ခန်းတွေနဲ့ ပုံဖော်ရိုက်ကူးထားတဲ့ ကိုရီးယားအက်ရှင်ရုပ်ရှင်ဖြစ်ပါတယ်။ ထောင်ထဲမှာ ဘုရင်တစ်ပါးလို စိုးမိုးထားတဲ့ ဗြောင်းထော ဆိုတဲ့ လူမိုက်ခေါင်းဆောင်ဟာ ထောင်သားတွေအပေါ်မှာ အကြွင်းမဲ့သြဇာညောင်းသူဖြစ်ပါတယ်။ ဒါပေမဲ့ ထောင်ရဲ့ အဓိကနေရာတစ်ခုဖြစ်တဲ့ မီးဖိုချောင်ကိုတော့ ထမင်းချက်ခေါင်းဆောင်က အပိုင်စီးထားပါတယ်။ သူဟာ သာမန်ထမင်းချက်ရုံတင်မကဘဲ ထောင်ထဲကို အကန့်အသတ်မရှိ ပစ္စည်းတွေနဲ့ လက်နက်တွေ သယ်ယူဝှက်ထားနိုင်တဲ့သူဖြစ်တာကြောင့် ဗြောင်းထောနဲ့ တိတ်တဆိတ် အာဏာပြိုင်ဆိုင်မှုတွေ ရှိနေပါတယ်။ ဒီလို တင်းမာနေတဲ့ အခြေအနေမှာ ဂီချော ဆိုတဲ့လူမိုက်တစ်ယောက်ကပါ ထပ်မံရောက်ရှိလာတဲ့အခါ ထောင်တွင်း မီးပွားတွေ စတင်ကူးစက်လာပါတော့တယ်။ ဒီအပြင် ထောင်တွင်းအာဏာပိုင်တွေနဲ့ အပြင်က ငွေရှင်ကြေးရှင်တွေရဲ့ ကိုယ်ရေးကိုယ်တာ အကျိုးအမြတ်အတွက် ထောင်သားတွေကို အသုံးချမှုတွေ အကျင့်ပျက်ခြစားမှုတွေက အခြေအနေကို ပိုမိုရှုပ်ထွေးစေပါတယ်။ အာဏာ လောဘနဲ့ ကလဲ့စားချင်စိတ်တွေ စုစည်းသွားတဲ့အခါ ထောင်ထဲမှာ ဘယ်သူ့ကိုမှ ယုံကြည်လို့မရတဲ့ အခြေအနေဆိုးကြီး ဖြစ်ပေါ်လာပါတော့တယ်။ အကြမ်းစား အက်ရှင်ကားတွေကို နှစ်သက်သူတွေနဲ့ ထောင်တွင်းအာဏာလုပွဲ ဇာတ်လမ်းတွေကို သဘောကျသူတွေအတွက် မဖြစ်မနေ ကြည့်ရှုသင့်တဲ့ ကိုရီးယားကားကောင်းတစ်ကားဖြစ်ပါတယ်။ ဒီကားကို အညွှန်းနဲ့ဘာသာပြန်ဆိုသူက Huihui ဖြစ်ပါတယ်။
ဇာတ်လမ်းအကြောင်း