ဇာတ်ကားများ ရွေးရန်

Runner

2026ဇာတ်ကားWeb-dl 1080p

လူတစ်ယောက်ရဲ့အသက်ကို ကယ်တင်ဖို့အတွက် အချိန်နဲ့အပြိုင် ပြေးလွှားရမယ်ဆိုရင် ဘယ်လောက်ထိ စွန့်စားနိုင်မလဲ? ဒီဇာတ်ကားကတော့ အက်ရှင်နဲ့ သည်းထိတ်ရင်ဖိုအရသာတွေ ပေါင်းစပ်ထားတဲ့ ဇာတ်ကားကောင်းတစ်ကားပဲ ဖြစ်ပါတယ်။ ဒီဇာတ်ကားရဲ့ အဓိကဇာတ်ကောင်ကတော့ အမေရိကန်စစ်ပြန်ဟောင်း ဟန့်ခ် မယ်လိုန် ဖြစ်ပါတယ်။ သူဟာ အန္တရာယ်များတဲ့ ပစ္စည်းတွေကို အချိန်မီပို့ဆောင်ပေးရတဲ့ ကျွမ်းကျင်ပို့ဆောင်ရေးသမားတစ်ယောက်ပါ။ တစ်နေ့မှာတော့ ဟန့်ခ်ဟာ အသည်းအစားထိုးဖို့လိုအပ်နေတဲ့ ကလေးမလေးတစ်ယောက်အတွက် အရေးကြီးတဲ့ အသည်းတစ်ခုကို ဆေးရုံဆီ ပို့ဆောင်ပေးရပါတယ်။ ဒါပေမယ့် အဲ့ဒီအသည်းဟာ ရှားပါးတဲ့ ရွှေသွေးအမျိုးအစားပိုင်ရှင်ရဲ့ အသည်းဖြစ်တာကြောင့် မှောင်ခိုဈေးကွက်မှာ တန်ဖိုးအလွန်ကြီးမားနေပါတယ်။ အဲ့ဒါကြောင့် ဟန့်ခ်နဲ့ အသည်းပေးအပ်ခဲ့တဲ့ ဘင် ဘစ်ရှော့ပ် တို့နောက်ကို လက်နက်ကိုင်လူဆိုးတွေက လိုက်လံဖမ်းဆီးလာကြပါတော့တယ်။ ဟန့်ခ်တို့နှစ်ယောက်ဟာ အသည်းကို မပျက်စီးအောင် ထိန်းသိမ်းရင်း လူဆိုးတွေရဲ့ လိုက်လံဖမ်းဆီးမှုကို ရှောင်တိမ်းပြီး ဆေးရုံကို အချိန်မီရောက်အောင် ကြိုးစားရမှာပါ။ ကလေးမလေးရဲ့အသက်ကို ကယ်တင်နိုင်ပါ့မလား? အသည်းကို လိုချင်နေတဲ့ လူဆိုးတွေလက်ထဲကနေ လွတ်မြောက်နိုင်ပါ့မလား? ဆိုတာ ရင်တထိတ်ထိတ်နဲ့ စောင့်ကြည့်ရမယ့် စိတ်လှုပ်ရှားစရာကောင်းတဲ့ ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။

ဇာတ်လမ်းအကြောင်း