ဇာတ်ကားများ ရွေးရန်

Colony

2026ဇာတ်ကားWeb-dl 4K SDR

ဒီတစ်ခါမှာတော့ နေ့ချင်းညချင်း ငရဲပြည်လို ပြောင်းလဲသွားတဲ့ အထပ်မြင့်အဆောက်အအုံတစ်ခုအတွင်း အသက်ရှင်ဖို့ အပြေးအလွှား ရုန်းကန်ကြရမဲ့ Zombie Action Thriller ဇာတ်ကားသစ်လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဇီဝနည်းပညာဆိုင်ရာ အခမ်းအနားတစ်ခု ကျင်းပနေချိန်မှာ အမည်မသိဗိုင်းရပ်စ်တစ်မျိုး ရုတ်တရက် ပျံ့နှံ့သွားပြီး မျက်စိတစ်မှိတ်အတွင်း လူတွေ တစ်ယောက်ပြီးတစ်ယောက် ကူးစက်ခံလာရပါတော့တယ်။ အခြေအနေက ထိန်းမရတော့တဲ့အဆုံး အာဏာပိုင်တွေဟာ အဆောက်အအုံတစ်ခုလုံးကို ချက်ချင်း Quarantine ချလိုက်ပြီး အထဲမှာရှိတဲ့သူအားလုံး ပိတ်မိသွားကြပါတယ်။ အကူအညီမရှိ၊ ထွက်ပြေးစရာလမ်းမရှိတဲ့ အခြေအနေမှာ အသက်ရှင်ကျန်ရစ်သူတွေဟာ အပေါ်ထပ်တွေဆီကို ရောက်နိုင်ဖို့ ကြိုးစားရင်း ကူးစက်ခံတွေရဲ့ တိုက်ခိုက်မှုကို ရှောင်တိမ်းကြရပါတော့တယ်။ ဒါပေမဲ့ အချိန်ကြာလာတာနဲ့အမျှ ကူးစက်ခံတွေက ပိုပြီး အန္တရာယ်များလာသလို လူတွေအချင်းချင်းကြားက ယုံကြည်မှုတွေလည်း တဖြည်းဖြည်း ပြိုကွဲလာပါတော့တယ်။ ဒီလိုအခြေအနေမျိုးမှာ သူတို့ဟာ အသက်ရှင်လျက် လွတ်မြောက်နိုင်မလား၊ ဒီဗိုင်းရပ်စ်ရဲ့ နောက်ကွယ်မှာ ဘယ်လိုလျှို့ဝှက်ချက်တွေ ရှိနေမလဲဆိုတာကိုတော့ အတူတူ စောင့်ကြည့်လိုက်ရအောင်လားရှင်။ Cast အနေနဲ့ကတော့ မင်းသမီး Jun Ji Hyun နဲ့ မင်းသား Koo Kyo Hwan တို့ အဓိကပါဝင်ထားပြီး Ji Chang Wook၊ Shin Hyun Been၊ Kim Shin Rok၊ Go Soo တို့လည်း ပါဝင်အားဖြည့်ထားတာမို့ Zombie Thriller ကြိုက်တဲ့ ပရိသတ်တွေအတွက် ကြည့်ရကျိုးနပ်မဲ့ ဇာတ်ကားတစ်ကားပဲ ဖြစ်ပါတယ်နော်။

ဇာတ်လမ်းအကြောင်း