ဇာတ်ကားများ ရွေးရန်

Big

1988ဇာတ်ကားBlu-ray 1080p

* Movie Request ထဲကဇာတ်ကားဖြစ်ပါတယ် ဒီဇာတ်ကားလေးဟာ ကလေးဘဝကနေ လူကြီးဘဝကို ရုတ်တရက်ရောက်သွားတဲ့ ကောင်လေးတစ်ယောက်ရဲ့ စိတ်ဝင်စားစရာကောင်းတဲ့ အတွေ့အကြုံကို ဟာသ၊ စိတ်ခံစားမှုတွေနဲ့ ပေါင်းစပ်ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။ ဂျော့ရှ် ဘက်စကင် (Josh Baskin ) ဟာ အသက် ၁၂ နှစ်အရွယ် ကောင်လေးတစ်ယောက်ဖြစ်ပြီး သူ့အရွယ်ကလေးတွေလိုပဲ သူငယ်ချင်းတွေနဲ့ ကစားရတာ၊ ပျော်ပျော်ပါးပါးနေထိုင်ရတာကို သဘောကျတဲ့သူပါ။ တစ်နေ့မှာတော့ သူ့အရပ်နဲ့ပတ်သက်ပြီး စိတ်မကောင်းဖြစ်စရာ အဖြစ်အပျက်လေးတစ်ခုကြောင့် “လူကြီးတစ်ယောက်ဖြစ်ရင်ကောင်းမှာပဲ” ဆိုတဲ့ ဆန္ဒတစ်ခု ပေါ်လာပါတယ်။ Carnival တစ်ခုမှာ ဆုတောင်းပေးနိုင်တယ်လို့ ဆိုထားတဲ့ Zoltar ဆိုတဲ့ ထူးဆန်းတဲ့စက်တစ်ခုကို တွေ့တဲ့အခါ ဂျော့ရှ် က သူ့ဆန္ဒကို အဲဒီစက်ကနေ ဆုတောင်းလိုက်ပါတယ်။ အစပိုင်းမှာတော့ အဲဒီဆုတောင်းချက်က ဘာမှထူးခြားမယ်လို့ သူကိုယ်တိုင်တောင် မထင်ထားခဲ့ပါဘူး။ ဒါပေမယ့် နောက်တစ်နေ့မှာ အိပ်ရာနိုးလာတဲ့အခါ သူ့ဘဝတစ်ခုလုံးကို ပြောင်းလဲသွားစေမယ့် အံ့အားသင့်စရာအခြေအနေတစ်ခုနဲ့ ရင်ဆိုင်လိုက်ရပါတယ်။ Josh ဟာ စိတ်ပိုင်းဆိုင်ရာအရ ကလေးတစ်ယောက်ပဲ ဖြစ်နေသေးပေမယ့် အပြင်ပန်းမှာတော့ လူကြီးတစ်ယောက်ဖြစ်သွားတာကြောင့် မိသားစုနဲ့ ပုံမှန်အတိုင်း နေထိုင်လို့မရတော့ပါဘူး။ ဒါကြောင့် သူ့ရဲ့အချစ်ဆုံးသူငယ်ချင်း ဘီလီ (Billy) ရဲ့အကူအညီကိုယူပြီး အိမ်ကနေထွက်ကာ ကိုယ့်ဘာသာကိုယ် ရပ်တည်ဖို့ ကြိုးစားရပါတော့တယ်။ လူကြီးတစ်ယောက်အဖြစ် နေထိုင်ရင်း ဂျော့ရှ် ဟာ အလုပ်အကိုင်၊ ငွေကြေး၊ လွတ်လပ်မှုနဲ့ လူကြီးတွေရဲ့ကမ္ဘာကို စတင်တွေ့ကြုံလာရပါတယ်။ အထူးသဖြင့် ကစားစရာတွေကို အရမ်းသဘောကျတဲ့ ဂျော့ရှ် ဟာ toy company တစ်ခုမှာ အလုပ်လုပ်ခွင့်ရလာပြီး သူ့ရဲ့ကလေးဘဝအတွေးအခေါ်တွေကို အသုံးချကာ လူကြီးတွေနဲ့ မတူတဲ့ အမြင်တွေကို ပြသနိုင်လာပါတယ်။ အစပိုင်းမှာ လူကြီးဘဝဟာ ဂျော့ရှ်ထင်ထားသလို လွတ်လပ်ပြီး စိတ်ဝင်စားစရာကောင်းတာတွေချည်းပဲ ဖြစ်နေသလိုခံစားရပေမယ့် အချိန်ကြာလာတဲ့အခါ လူကြီးတစ်ယောက်ဖြစ်ရခြင်းမှာ တာဝန်တွေ၊ ရွေးချယ်မှုတွေနဲ့ ကိုယ်တိုင်ဖြေရှင်းရမယ့် အခက်အခဲတွေလည်း ရှိနေတယ်ဆိုတာကို နားလည်လာပါတယ်။ တစ်ဖက်မှာလည်း သူ့ရဲ့ကလေးဘဝကို မမေ့နိုင်သေးတာကြောင့် အရွယ်ရောက်လာခြင်းနဲ့ ကလေးဘဝကြားမှာ စိတ်ပိုင်းဆိုင်ရာအရ ရုန်းကန်နေရပါတယ်။ ဒီလိုနဲ့ ဂျော့ရှ် ရဲ့ လူကြီးဘဝအတွေ့အကြုံတွေ၊ သူငယ်ချင်းတွေနဲ့ ဆက်ဆံရေးတွေ၊ အလုပ်မှာ ကြုံတွေ့ရတဲ့အဖြစ်အပျက်တွေကနေတစ်ဆင့် “လူကြီးဖြစ်ချင်တာ” နဲ့ “တကယ်လူကြီးဖြစ်သွားတဲ့အခါ” ဘယ်လောက်ကွာခြားလဲ ဆိုတာကို ဟာသလေးတွေနဲ့ ပေါ့ပေါ့ပါးပါး ပြသထားပါတယ်။ Big (1988) ဟာ ကလေးဘဝရဲ့ ရိုးရှင်းတဲ့ပျော်ရွှင်မှုတွေ၊ လူကြီးဘဝရဲ့ တာဝန်တွေ၊ ကိုယ့်ဘဝမှာ တကယ်တန်ဖိုးရှိတဲ့အရာတွေကို ပြန်လည်စဉ်းစားမိစေတဲ့ ဇာတ်ကားလေးတစ်ကား ဖြစ်ပါတယ်။

ဇာတ်လမ်းအကြောင်း