ဇာတ်ကားများ ရွေးရန်

Spy Nation

2016ဇာတ်ကားWeb-dl 1080p

ဒီဇာတ်ကားကို သတင်းထောက်တစ်ဦးလည်းဖြစ်၊ ဒါရိုက်တာတစ်ဦးလည်းဖြစ်တဲ့ ချွဲဆွန်းဟိုကိုယ်တိုင် ၃ နှစ်ကျော်ကြာ စုံစမ်းဖော်ထုတ် ရိုက်ကူးထားတာဖြစ်ပြီး ၂၀၁၆ ခုနှစ် Jeonju International Film Festival မှာ အကောင်းဆုံး မှတ်တမ်းရုပ်ရှင်ဆု ရရှိခဲ့ပါတယ်။ ဒီကားကဖြစ်ရပ်တွေဟာ ရုပ်ရှင်ဆန်ဆန် ဇာတ်လမ်းဆင်ထားတာမျိုး မဟုတ်ဘဲ တကယ်ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်ကို မြေပြင်ဆင်း စုံစမ်းထားခဲ့တာပါ။ ၂၀၁၂ ခုနှစ်မှာ ဆိုးလ်မြို့တော်ဝန်ရုံးက နိုင်ငံ့ဝန်ထမ်းတစ်ဦးဖြစ်တဲ့ ယူအူဆောင်းဟာ မြောက်ကိုရီးယား သူလျှိုအဖြစ် စွပ်စွဲခံရပြီး ဖမ်းဆီးခံလိုက်ရပါတယ်။ တောင်ကိုရီးယား နိုင်ငံတော်ထောက်လှမ်းရေးအေဂျင်စီ (NIS) က သူ့ကို စပိုင်လို့ သတ်မှတ်ခဲ့တာဖြစ်ပြီး အဓိကသက်သေကတော့ ယူအူဆောင်းရဲ့ ညီမဖြစ်သူကိုယ်တိုင်ဝန်ခံထားတဲ့ ထွက်ဆိုချက်ပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ အလုပ်ထုတ်ခံထားရတဲ့ သတင်းထောက် ချွဲဆွန်းဟိုဟာ ဒီအမှုမှာ မသင်္ကာစရာတွေ ရှိနေတာကို သတိထားမိသွားပြီး ဒီသူလျှိုအမှုရဲ့ နောက်ကွယ်က အမှန်တရားကို လိုက်လံစုံစမ်းပါတော့တယ်။ တကယ်တော့ ယူအူဆောင်းရဲ့ ညီမဟာ NIS ရဲ့ ရက်ရက်စက်စက် ခြိမ်းခြောက်၊ ချုပ်နှောင်ပြီး အတင်းအကျပ် ဝန်ခံခိုင်းမှုကြောင့် မဟုတ်မမှန် ထွက်ဆိုပေးခဲ့ရတာ ဖြစ်နေပါတယ်။ ချွဲဆွန်းဟိုဟာ တောင်ကိုရီးယား၊ တရုတ်၊ ဂျပန်၊ ထိုင်း စတဲ့ နိုင်ငံတွေကို လပေါင်း ၄၀ ကြာအောင် သွားရောက်စုံစမ်းပြီး NIS က လုပ်ကြံဖန်တီးထားတဲ့ စပိုင်အမှုတွေအကြောင်းကို တစတစ ဖော်ထုတ်လာတဲ့အခါ ထိတ်လန့်ဖွယ်ရာ အမှန်တရားတွေကို မြင်တွေ့လာရပါတော့တယ်။ ဒီကားကို အညွှန်းနဲ့ဘာသာပြန်ဆိုသူက Huihui ဖြစ်ပါတယ်။

ဇာတ်လမ်းအကြောင်း