Kingdom of War: Part 2
ဒီဇာတ်ကားလေးထဲမှာတော့ မင်းသားနရဲစွမ်က ကိုရင်အုံဒမ် ဘဝကနေ အရွယ်ရောက် မင်းသားတစ်ပါးအဖြစ် ကြီးပြင်းလာခဲ့ပါပြီ လက်ရုံးရည်ရော နှလုံးရည်ပါ ပြည့်စုံတဲ့ မင်းသားနရဲစွမ်ကိုတော့ အပိုင်း၂ မှာ ဆက်ပြီး မြင်တွေ့ရမှာဖြစ်ပါတယ်။ အရွယ်ရောက်လာတဲ့ နရဲစွမ်ဟာ သူ့တိုင်းပြည်မှာ လူငယ်တွေကို စစ်ပညာသင်ကြားပေးနေပြီး အယုဒ္ဓယကလည်း အေးချမ်းသာယာလို့ နေပါတယ်.... တစ်နေ့မှာတော့ ဟံသာဝတီဘုရင်ကြီး ဘုရင့်နောင် နတ်ရွာစံပြီဆိုတဲ့သတင်းကို ကြားလာရပါတယ်.. ဒီတော့ ဟံသာဝတီကို စျာပနအခမ်းအနားတက်ဖို့ အကြောင်းဖန်လာပါတယ် ဟံသာဝတီဘက်မှာ ဘုရင့်နောင် နတ်ရွာစံပြီဖြစ်လို့ နန္ဒဘုရင်က ထီးနန်းစိုးစံနေပါတယ် ဒီနန္ဒဘုရင်က အနီးအနားက တိုင်းပြည်တွေကို ဟံသာဝတီလက်အောက်ခံနိုင်ငံအဖြစ် သိမ်းပိုက်လိုပြီး အမြဲ ဘယ်လိုသိမ်းပိုက်ရမလဲ ကြံနေတဲ့သူပါ တိုက်ဆိုင်စွာနဲ့ပဲ စျာပန အခမ်းအနားကို တိုင်းပြည် ပေါက်စလေးဖြစ်တဲ့ ခန်တိုင်းပြည်က ခန်ဘုရင်က တက်ရောက်ခြင်းမရှိခဲ့ပါဘူး.... အကွက်ထဲဝင်လာတဲ့ နန္ဒဘုရင်ဟာ ခန်နိုင်ငံကို စစ်ကြေညာလိုက်ပါတယ်.. ခန်နိုင်ငံကို နရဲစွမ်ရဲ့အကူအညီနဲ့ စစ်ပွဲနိုင်ပြီး ခန်ဘုရင်နဲ့ မင်းသမီးတို့ကိုပါ သုံ့ပန်းအဖြစ် ဖမ်းလာနိုင်ခဲ့ပါတယ်... နောက်ပိုင်း ယိုးဒယားကို သိမ်းပိုက်လိုတဲ့ နန္ဒဘုရင်ရဲ့ အကြံကို နရဲစွမ်သိပြီး ခန်ဘုရင်နဲ့ခန်ပြည်သူတွေကိုပါ ကယ်ပြီး ဟံသာဝတီကနေ ထွက်ပြေးကြပါတယ်.... နရဲစွမ်မင်းသားဟာ စစ်တောင်းမြစ်ကို ဖြတ်ကူးဖို့ နှစ်ရက်အတွင်း တံတားထိုးပြီး တစ်ဘက်ကမ်းကို ကူးပြီး တံတားကို ပြန်ဖျက်ပြီး နောက်ကလိုက်လာတဲ့ ဟံသာဝတီတပ်တွေကို အသာစီးနဲ့ အနိုင်ယူတိုက်ခိုက်ပါတယ် စစ်ရေးစစ်ဗျူဟာအရမ်းတော်တဲ့ နရဲစွမ်ကို နန္ဒဘုရင်က အနိုင်ယူလို့ရပါ့မလား ဆိုတာကိုတော့... ဒီဒုတိယတွဲမှာတော့ နန္ဒဘုရင်နဲ့ နရဲစွမ်ဟာ တိုက်ပွဲမှာ ထိပ်တိုက်မတွေ့ရသေးပါဘူး အင်းဝကို စစ်ချီနေတဲ့ နန္ဒဘုရင် ပြန်အလာကို စောင့်ရင်း ဟံသာဝတီတပ်တွေက ယိုးဒယားကို တိုက်ဖို့ ပြင်ဆင်နေကြတာလားဆိုတာကိုတော့... သမိုင်းနောက်ခံ ဇာတ်ကားကောင်းတစ်ကားဖြစ်တာမို ခမ်းခမ်းနားနား ရိုက်ကူးထားပြီး စစ်တောင်းမြစ်ဝှမ်းက တိုက်ပွဲတွေကလည်း ရင်သပ်ရှုမောဖွယ် အရမ်းကြည့်လို့ကောင်းပါတယ်... သမိုင်းဝင် အက်ရှင်ဇာတ်ကားကြိုက်နှစ်သက်သူများအတွက် မဖြစ်မနေ ကြည့်သင့်တဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်တာမို့ အခုပဲ ကြည့်ရှုလိုက်ပါနော်.....
ဇာတ်လမ်းအကြောင်း