ဇာတ်ကားများ ရွေးရန်

Stalker

2021ဇာတ်ကားWeb-dl 1080p

ဟာနူး လို့ခေါ်တဲ့ ကောင်မလေးဟာ အလုပ်ရှာနေဆဲဖြစ်တာမို့ ငှားရမ်းခသက်သာတဲ့ တိုက်ခေါင်မိုးထပ်က အခန်းကျဉ်းလေးတစ်ခုကို ပြောင်းရွှေ့လာခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီအခန်းကို ရောက်ကတည်းက သူဟာ ခြောက်ခြားဖွယ်ရာ ထူးဆန်းတဲ့ ဖြစ်ရပ်တွေနဲ့ ဆက်တိုက် ကြုံတွေ့လာရပါတော့တယ်။ ​အိမ်နီးချင်းအမျိုးသားရဲ့ပုံမှန်မဟုတ်တဲ့ အပြုအမူတွေ၊ အခန်းတွင်းက ရှင်းပြလို့မရတဲ့ ထူးခြားဖြစ်စဉ်တွေနဲ့ အမြဲလိုလို စောင့်ကြည့်ခံနေရသလို ခံစားရတာတွေကြောင့် သူ့ရဲ့ စိတ်ပိုင်းဆိုင်ရာဟာ တဖြည်းဖြည်း ချောက်ချားလာရပါတယ်။ ဒီအခန်းမှာ အရင်က ဘယ်လိုအကျည်းတန် ရင်လေးစရာကိစ္စတွေ ဖြစ်ပျက်ခဲ့သလဲဆိုတဲ့ နောက်ကွယ်က ဆိုးရွားလှတဲ့လျှို့ဝှက်ချက် အမှန်တရားကို သူသိရှိသွားတဲ့အခါ ဘာတွေဆက်ဖြစ်မလဲ ဆိုတာကို သည်းထိတ်ရင်ဖို ကြည့်ရှုရမဲ့ဇာတ်ကားဖြစ်ပါတယ်။ ​ ဒီဇာတ်ကားဟာ နေရာဒေသတစ်ခုတည်းကိုပဲ အဓိကထားပြီး ဇာတ်အိမ်တည်ထားတဲ့ Indie Horror ဆန်ဆန် ဇာတ်ကားလေးဖြစ်ပါတယ်။ ဇာတ်လမ်းကြာမြင့်ချိန် ၁ နာရီကျော်လေးပဲ ရှိတာမို့ ပေါ့ပေါ့ပါးပါးနဲ့ သည်းထိတ်ရင်ဖို ကိုရီးယားသရဲကားတိုတိုလေးတွေကို သဘောကျတဲ့သူတွေအတွက် တစ်ခေါက်လောက်တော့ ကြည့်ရှုသင့်တဲ့ ဇာတ်ကားလေး ဖြစ်ပါတယ်။ ဒီကားကို အညွှန်းနဲ့ဘာသာပြန်ဆိုသူက Huihui ဖြစ်ပါတယ်။

ဇာတ်လမ်းအကြောင်း