When in Rome
* Movie Request ထဲကဇာတ်ကားဖြစ်ပါတယ် အချစ်ရေးမှာ အကြိမ်ကြိမ် စိတ်ဒဏ်ရာရဖူးတာကြောင့် အချစ်ကို လုံးဝမယုံကြည်တော့ဘဲ အလုပ်ကိုသာ အာရုံစိုက်နေတဲ့ နယူးယောက်က ပြတိုက်မှူးမလေး Beth တစ်ယောက် အီတလီနိုင်ငံ ရောမမြို့က ညီမဖြစ်သူရဲ့ မင်္ဂလာပွဲကို တက်ရောက်ဖို့ ရောက်သွားခဲ့ပါတယ်။ မင်္ဂလာပွဲမှာ သဘောကောင်းပြီး ချောမောတဲ့ သတို့သားအရံ Nick နဲ့ ဆုံတွေ့ပြီး ရင်ခုန်ခဲ့ပေမဲ့ နားလည်မှုလွဲမှားမှုတစ်ခုကြောင့် စိတ်ပျက်လက်ပျက် ဖြစ်သွားခဲ့ရပါတယ်။အဲဒီနောက် စိတ်လေနေတဲ့ Beth ဟာ ရောမမြို့က နာမည်ကြီး "အချစ်ရေပန်း" (Fontana d'Amore) ထဲကနေ ဆုတောင်းဒင်္ဂါးပြား ၅ ပြားကို ကောက်ယူခဲ့မိပါတယ်။ ဒဏ္ဍာရီအရ ရေပန်းထဲက ဒင်္ဂါးပြားပိုင်ရှင်တွေဟာ ဒင်္ဂါးကို ကောက်ယူတဲ့သူကို အရူးအမူး ချစ်မိသွားကြတယ်ဆိုတဲ့ မှော်အတိုက်အခံကို သူမ မသိခဲ့ပါဘူး။ နယူးယောက်ကို ပြန်ရောက်ချိန်မှာတော့ ဒင်္ဂါးပိုင်ရှင်တွေဖြစ်ကြတဲ့ ဝက်အူချောင်းသည်ကြီး၊ လမ်းဘေးမျက်လှည့်ဆရာ၊ ပန်းချီဆရာနဲ့ မော်ဒယ်ကောင်လေးတို့က Beth နောက်ကို ရူးရူးမူးမူး လိုက်လံပိုးပန်းကြပါတော့တယ်။ ဒီထက်ပိုဆိုးတာက မင်္ဂလာဆောင်မှာ တွေ့ခဲ့တဲ့ Nick ပါ ရောက်လာပြီး ချစ်ခွင့်ပန်လာတဲ့အခါ Nick ရဲ့ အချစ်ဟာ စိတ်ရင်းအစစ်အမှန်လား ဒါမှမဟုတ် ဒင်္ဂါးပြားကြောင့် ဖြစ်ပေါ်လာတဲ့ မှော်စွမ်းအင်လားဆိုတာ Beth တစ်ယောက် သဲသဲမဲမဲ ဝေခွဲမရဖြစ်ရပုံကို ရယ်မောပျော်ရွှင်ဖွယ် ကြည့်ရှုရမှာ ဖြစ်ပါတယ်။
ဇာတ်လမ်းအကြောင်း