ဇာတ်ကားများ ရွေးရန်

The Swan: Behind the Mirror

2026ဇာတ်ကားWeb-dl 1080p

ဒါကတော့ မှတ်တမ်းရုပ်ရှင် တစ်ခုဖြစ်ပါတယ်၊ 2004 ခုနှစ်က Fox ရုပ်သံလိုင်းရဲ့ အငြင်းပွားဖွယ်ရာ နာမည်ကြီးခဲ့တဲ့ "The Swan" ဆိုတဲ့ Relity Series အကြောင်းကို Documentary အနေနဲ့ ပြန်လည်ရိုက်ကူးထားတာ ဖြစ်ပါတယ်၊ အဲဒီခေတ်ဝန်းကျင်တုန်းက Reality Show တွေ ခေတ်စားခဲ့တဲ့အချိန်ပေါ့၊ ရုပ်သံထုတ်လွှင့်တဲ့ ကုမ္ပဏီတွေကလည်း ဆန်းသစ်တဲ့ Show တွေထုတ်လွှင့်နိုင်အောင် အပြိုင်အဆိုင် ကြိုးစားခဲ့ကြတယ်၊ အဲဒီအချိန်မှာပဲ Fox က "The Swan" ဆိုတဲ့ Reality အစီစဉ်တစ်ခုလုပ်ဖို့ စိတ်ကူးရခဲ့တယ်၊ အဲဒါကတော့ ရုပ်ရည်အရ ရွက်ကြမ်းရေကျို အနေအထားပဲ ရှိတဲ့ အမျိုးသမီးတွေကို ခေါ်ယူပြီး Gym Trainer တွေနဲ့ လေ့ကျင့်ပေး၊ ဆရာဝန်တွေနဲ့ ပလတ်စတစ်ဆာဂျရီ လုပ်ပေး၊ စိတ်ပိုင်းဆိုင်အတွက် စိတ်ကုထုံးတွေပေး၊ ခန္ဓာကိုယ်အတွက် အစားအသောက်ပိုင်းကို Diet လုပ်ခိုင်းပြီးတော့ လှပတဲ့ အမျိုးသမီးအဖြစ် ပြောင်းလဲပေးမဲ့ အစီအစဥ်ပါပဲ၊ အားလုံးကို ပြောင်းလဲပေးပြီးသွားရင် နောက်ဆုံးမှာ သူတို့ကို အလှပြိုင်ပွဲတစ်ခုတောင် လုပ်ပေးဦးမယ်၊ အဲဒါကြောင့် ကိုယ့်ရဲ့ရုပ်ရည်ကို အခမဲ့ ပြောင်းလဲခွင့်ရဖို့အတွက် ပါဝင်ချင်တဲ့အမျိုးသမီးပေါင်း သိန်းချီပြီး လူရွေးပွဲကို ဝင်ခဲ့ကြတယ်၊ ပါဝင်ခွင့်ရသူတွေကတော့ ကံထူးသူတွေပေါ့၊ အခု မှတ်တမ်းရုပ်ရှင်ကတော့ အဲဒီအချိန်တုန်းက The Swan ဆိုတဲ့ Reality Show ကို ရိုက်ကူးခဲ့ရာမှာ ကြုံတွေ့ခဲ့ရတာတွေကို တင်ဆက်ထားပါတယ်၊ အဲဒီအစီစဥ်မှာ ပါဝင်ခဲ့ကြတဲ့ အမျိုးသမီးတွေ၊ နောက်ကွယ်က ပါဝင်ခဲ့သူတွေ၊ ခွဲစိတ်ဆရာဝန်တွေကိုယ်တိုင် ပြန်လည်ပါဝင်ထားပြီး အဲဒီတုန်းက အကြောင်းအရာတွေကို ပြန်ပြောပြထားကြတယ်၊ ပြိုင်ပွဲ​ဝင်တွေ လနဲ့ချီပြီး မိသားစုနဲ့ အဆက်အသွယ်ဖြတ်ထားခဲ့ရပုံတွေ၊ မမျှမတ ဖိအားပေးခံရမှုတွေ၊ မမျှော်လင့်ထားတာတွေ ကြုံတွေ့ခဲ့ရပုံတွေနဲ့ ဒီရှိုးရဲ့နောက်ကွယ်က လူမသိခဲ့တဲ့ အကြောင်းအရာတွေကို ပွင့်ပွင့်လင်းလင်းချပြထားတဲ့ မှတ်တမ်းရုပ်ရှင်တစ်ခုဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း