Hello, Brother
ရယ်လည်းရယ်ရသလို မျက်ရည်လည်းကျရမဲ့ ကိုရီးယား မိသားစု ဒရာမာဇာတ်ကားကောင်းလေး တစ်ကားကို ညွှန်းပေးလိုက်ပါတယ်။ ညီအစ်ကိုနှစ်ယောက်ရဲ့ သံယောဇဉ်ကို ဟာသလေးတွေနှောပြီး ရင်နင့်ဖွယ် ရိုက်ကူးပုံဖော်ထားတဲ့ ဇာတ်ကားပါ။ အသက် ၉ နှစ်အရွယ် ဂျန်းဟာနီ ဆိုတဲ့ကောင်လေးဟာ ကျောင်းမှာရော အိမ်မှာပါ ပြဿနာအမြဲရှာတတ်တဲ့ ကလေးဆိုးလေးပါ။ သူ့အစ်ကို ဟန်ဗြောကတော့ သူ့ထက် အရမ်းလိမ္မာတဲ့ ကလေးပါ။ ဟာနီက သူ့အစ်ကိုကို အမြဲအနိုင်ကျင့်ပြီး ဒုက္ခပေးလေ့ရှိပါတယ်။ တစ်နေ့မှာတော့ သူတို့မိသားစုလေးရဲ့ အေးချမ်းတဲ့ဘဝဟာ မျှော်လင့်မထားတဲ့ အလှည့်အပြောင်းတစ်ခုနဲ့ ရင်ဆိုင်လိုက်ရပါတယ်။ လိမ္မာရေးခြားရှိတဲ့ အစ်ကိုဖြစ်သူ ဟန်ဗြောဟာ ရုတ်တရက် မူးလဲသွားပြီး ဦးနှောက်ကင်ဆာ ဖြစ်နေမှန်း သိလိုက်ရတဲ့အခါမှာတော့ အားလုံးရဲ့ဘဝတွေ ဇောက်ထိုးမိုးမျှော် ဖြစ်သွားပါတော့တယ်။ ဆေးရုံခုတင်ပေါ်မှာ နာကျင်မှုတွေကို ခံစားနေရတဲ့ အစ်ကိုဖြစ်သူကို ကြည့်ပြီး အမြဲဆိုးသွမ်းနေတဲ့ ညီလေး ဟာနီတစ်ယောက် ဘယ်လိုတွေ နောင်တရပြီး ပြောင်းလဲလာမလဲ? သူ့အစ်ကိုကို ရောဂါပျောက်ကင်းစေချင်တဲ့စိတ်နဲ့ ကလေးပီပီ ဘယ်လိုရိုးသားတဲ့ အကြံအစည်တွေနဲ့ ကြိုးစားကယ်တင်မလဲဆိုတာကို ကြည့်ရှုရမှာပါ။ ဒီကားကို အညွှန်းနဲ့ဘာသာပြန်ဆိုသူက Huihui ဖြစ်ပါတယ်။
ဇာတ်လမ်းအကြောင်း