ဇာတ်ကားများ ရွေးရန်

Cloud

2024ဇာတ်ကားWeb-dl 1080p

ဒီဇာတ်ကားလေးကတော့ Cloudဆိုတဲ့ ဒီဂျစ်တယ်ခေတ်ရဲ့ အွန်လိုင်းစီးပွားရေးစနစ်နဲ့ လူ့သဘောသဘာဝရဲ့ အမှောင်ဖက်ကို ထင်ဟပ်ပြထားတဲ့ သည်းထိတ်ရင်ဖို ရုပ်ရှင်ကားကောင်းတစ်ကား ဖြစ်ပါတယ်။ ယိုရှီဟာ ပုံမှန်အလုပ်ကြမ်းလုပ်ရင်း အချိန်ပိုင်းအနေနဲ့ အင်တာနက်ပေါ်မှာ ပစ္စည်းပြန်လည်ရောင်းချတဲ့ အွန်လိုင်း​စျေးသည်တစ်ယောက်အနေနဲ့ ရပ်တည်နေသူဖြစ်ပါတယ်။ သူဟာ အခွင့်အရေးကို လက်လွတ်မခံဘဲ ပစ္စည်းတွေကို နှိမ်ဝယ်ကာ အမြတ်တင်ရောင်းချရာကနေ ငွေကြေးချမ်းသာလာအောင် ကြိုးစားနေသူပါ။ နောက်တော့ သူစုဆောင်းထားတဲ့ ပစ္စည်းတွေ သိမ်းဆည်းဖို့နဲ့ လုပ်ငန်းကို တိုးချဲ့ဖို့ မြို့စွန်တစ်နေရာက ကြီးမားတဲ့အိမ်ကို ပြောင်းရွှေ့လာခဲ့ပါတယ်။ ဒါပေမဲ့ သူု့ရဲ့ အမြတ်ထုတ်လွန်းတဲ့ လုပ်ရပ်တွေနဲ့ အွန်လိုင်းကနေ တစ်ဆင့်ခံရောင်းချမှုတွေကြောင့် သူ့ကို မကျေမနပ်ဖြစ်ပြီး လက်စားချေချင်နေတဲ့ လူတွေရဲ့ ပစ်မှတ် ဖြစ်လာပါတော့တယ်။ ခေတ်သစ် အွန်လိုင်းအရောင်းအဝယ်လောကရဲ့ လောဘ လူတွေရဲ့ကိုယ်ကျင့်တရား ယိုယွင်းလာမှုနဲ့ မလုံခြုံမှုတွေကို အချက်ကျကျ ပုံဖော်ရိုက်ကူးထားပါတယ်။ Cloud" ဆိုတဲ့အတိုင်း အင်တာနက် အတိမ်အနက်တွေ ဆိုရှယ်မီဒီယာရဲ့နောက်ကွယ်က အမည်မသိ လူတွေရဲ့ အမုန်းတရားနဲ့ အဆိပ်အတောက်တွေကို ကိုယ်စားပြုပါတယ်။ အွန်လိုင်းပေါ်ကနေ အလွယ်တကူ စော်ကားကြ လက်စားချေချင်စိတ် ပေါ်ပေါက်လာကြတဲ့ ခေတ်ကြီးထဲမှာ လူသားချင်း မေတ္တာတရားတွေ ဘယ်လိုပျောက်ဆုံးကုန်တယ်ဆိုတာကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ လောဘ မောဟ ဒေါသ အမုန်းတရားတွေနဲ့ အဆုံးသတ်သွားတဲ့ အစွန်းရောက် ခရီးလမ်းကို စိတ်ဝင်စားတယ်ဆိုရင်တော့ ကြည့်ရှုသင့်တဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်တာမို့ အခုပဲ ကြည့်ရှုလိုက်ပါနော်.....

ဇာတ်လမ်းအကြောင်း