ဇာတ်ကားများ ရွေးရန်

My Lucky Star

2013ဇာတ်ကားအမှတ် 5/10Blu-ray 1080p

ဒီတစ်ခေါက်မှာတော့ ဒါရိုက်တာက Dennie Gordonရိုက်ကူးထားတဲ့ My.Lucky.Star.2013 ဆိုတဲ့ ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်နော်။ ဇာတ်လမ်းအညွှန်း ဆိုဖီဟာ ခရီးသွားအေဂျင်စီတစ်ခုမှာ အလုပ်လုပ်နေတဲ့ မိန်းကလေးတစ်ယောက်ဖြစ်ပြီး စိတ်ကူးယဉ်ဆန်ဆန် အချစ်ဇာတ်လမ်းတွေကို သဘောကျတတ်သူဖြစ်ပါတယ်။ သူမဟာ ဘဝကိုပုံမှန်အတိုင်း ဖြတ်သန်းနေရင်း တစ်နေ့မှာ စင်ကာပူကို ခရီးထွက်ခွင့်မဲလက်မှတ်ရလာတဲ့အခါမှာတော့ သူမရဲ့ဘဝတစ်ခုလုံးဟာ ပြောင်းလဲသွားပါတော့တယ်။စင်ကာပူရောက်တဲ့အချိန်မှာ ဆိုဖီဟာ သူ့အိမ်မက်ထဲက မင်းသားလေးလို ချောမောတဲ့ ဒေးဗစ်ဆိုတဲ့ အမျိုးသားတစ်ယောက်နဲ့ တွေ့ဆုံခဲ့ပါတယ်။ သို့သော် ဒေးဗစ်ဟာ သာမန်လူတစ်ယောက် မဟုတ်ဘဲ လျှို့ဝှက်တာဝန်တစ်ခုကို ထမ်းဆောင်နေတဲ့ အေးဂျင့်တစ်ယောက်ဖြစ်ပြီး တန်ဖိုးကြီးတဲ့ လပ်ကီးစတား စိန်နဲ့ပတ်သက်တဲ့ အန္တရာယ်ရှိတဲ့ မစ်ရှင်တစ်ခုကို တာဝန်ထမ်းဆောင်နေရတဲ့အခါမှာတော့....ဆိုဖီဟာ မတော်တဆ ထိုအရှုပ်အထွေးထဲသို့ ပါဝင်ပတ်သက်မိသွားပါတော့တယ်။ထိုအချိန်မှစပြီး ဆိုဖီရဲ့ ရိုးရိုးရှင်းရှင်း ခရီးစဉ်ဟာ အန္တရာယ်တွေ၊ စိတ်လှုပ်ရှားစရာအဖြစ်အပျက်တွေ ပြည့်နှက်သွားပြီး ခိုးယူခံရတဲ့ စိန်ကြီးကို ပြန်လည်ရှာဖွေရန် တာဝန်ပေးအပ်ခံလာရတဲ့အချိန်မှာတော့ ဆိုဖီတစ်ယောက် သူ့ရဲ့တာဝန်ကို အဆုံးသတ်နိူင်ပါ့မလား...?သူ့ရဲ့ စိတ်ကူးယဉ်မင်းသားလေး ဒေဗစ်နဲ့ရော ဘယ်လိုနက်ရှိုင်းတဲ့ ပတ်သက်မှုတွေ ဖြစ်ပေါ်လာမလားဆိုတာကို ဇာတ်ကားလေးနဲ့အတူ ကြည့်ရှုပေးပါဦးနော်။ အညွှန်းနဲ့ ဘာသာပြန်သူကတော့ Nay Chii ဖြစ်ပါတယ်။

ဇာတ်လမ်းအကြောင်း