The Upside
ဒီတစ်ခါမှာတော့ ပရိသတ်ကြီးကို အားတက်စေမဲ့ ဖြစ်ရပ်မှန် ဇာတ်ကားလေး တစ်ခုနဲ့ မိတ်ဆက်ပေးပါရစေ။ လည်ပင်းအထက်ပိုင်းကလွဲပြီး တစ်ကိုယ်လုံး လေဖြတ်နေတဲ့ ဘီလီယံနာ ဖိလစ်နဲ့ ထောင်ထွက် ဒဲလ်တို့ရဲ့ သံဃောဇဉ် ဖိလစ်ဟာ မတော်တဆမှုကြောင့် တစ်ကိုယ်လုံး မလှုပ်ရှားနိုင်တဲ့ အချိန်မှာတောင် သူ မိန်းမဖြစ်သူနဲ့ စနောက် ရယ်မော နေနိုင်သူပါ။ ဒါပေမဲ့ ဇနီး ဖြစ်သူ ဆုံးပါးသွားပြီးနောက်မှာတော့ ဖိလစ်အတွက် ဘဝအဓိပ္ပာယ်နဲ့ ရှင်သန်ဖို့ ရည်ရွယ်ချက်တွေ ပျောက်ဆုံးသွားခဲ့ပါတော့တယ်။ သူဟာ DNR ဆိုတဲ့ အကယ်၍ ရုတ်တရက် အသက်အန္တရာယ် ရှိတဲ့ ကိစ္စမျိုးနဲ့ ကြုံလာရရင် သူ့ကို မကယ်ဖို့အထိပါ စာချုပ်ပါ ချုပ်ထားခဲ့ပါတယ်။ ဒါပေမဲ့ အမှုဆောင် အရာရှိကတော့ ဖိလစ်ကို ဒီလိုမျိုး လက်မလွတ်ပေးချင်ခဲ့ပါဘူး။ အဲဒါကြောင့် ဖိလစ်ဟာ သူ့ကို နေ့စဉ် လူနေမှု ဘဝမှာ ကူညီပေးဖို့ အဆိုးရွားဆုံး၊ အတွေ့အကြုံ လုံးဝ မရှိတဲ့သူကို အလုပ် ခန့်လိုက်ပါတော့တယ်။ ဖိလစ် အလုပ်ခန့်လိုက်တဲ့ ဒဲလ်ဟာ ထောင်ထွက်တစ်ယောက်ဖြစ်ပြီး ခံဝန်ကြောင့် အလုပ်တစ်ခု ရှာဖို့ လိုနေပေမဲ့ ဘယ်အလုပ်ကိုမှလည်း မလုပ်ချင်နေပါဘူး။ ဒါနဲ့ နောက်ဆုံးမှာ သူ့သားနဲ့ မိန်းမကို ထောက်ပံ့ဖို့ ဖိလစ် ကမ်းလှမ်းတဲ့ အလုပ်ကို လက်ခံဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။ ဘဝမှာ စောင့်ရှောက်ဖူးတာဆိုလို့ ကိုယ့်အသက်ပဲ ရှိတဲ့ ဒဲလ် တစ်ယောက် အစပိုင်းမှာ အခက်အခဲတွေ အများကြီး ရှိပေမဲ့ သူ အကောင်းဆုံး ဆက်ကြိုးစားလာခဲ့ပါတယ်။ မိသားစုအတွက် ဒီအလုပ်ကို ဖက်တွယ်ထားဖို့ လိုတာကြောင့် အလုပ်ရှင် ဖိလစ်ရဲ့ သေကြောင်းကြံချင်နေတဲ့ စိတ်ကို သူ သိတဲ့ နည်းလမ်းနဲ့ ကူညီ ဖျောင်းဖျပေးဖို့ ကြိုးစားခဲ့ပြီး မတူညီတဲ့ လူနှစ်ယောက်ကြားမှာ တူညီတဲ့ အချက်တွေ အတူတကွ ရှာတွေ့ပြီး ရင်းနှီးလာတာကို တွေ့မြင်ရမဲ့အပြင် တစ်ခါတစ်ရံမှာ ဘဝကြီးက ပင်ပန်းလာပြီး ပြန်ထဖို့ စိတ်ပျက်သွားခဲ့ရင် ရှေ့ဆက်သွားနေသရွေ့ ပန်းခင်းကြီးကို တွေ့နိုင်မှာပါလို့ ဒီကားလေးနဲ့ ခွန်အားပေးရင်း...
ဇာတ်လမ်းအကြောင်း