ဇာတ်ကားများ ရွေးရန်

Detective Dee and Fire Unicorn

2022ဇာတ်ကား86 မိနစ်

မီးပုံးပွဲတော်နေ့မှာ ပြည်သူတွေက ဘုရင်မကြီး ဝူကျယ်ထျန်းအတွက် ဆုတောင်းမေတ္တာပို့နေကြတုန်း ထူးဆန်းတဲ့ သတ္တဝါတစ်ကောင် ပေါ်လာပါတယ်။ ဦးချိုတစ်ချောင်းရှိပြီး တစ်ကိုယ်လုံး မီးတောက်လောင်နေတဲ့ အဲဒီသတ္တဝါရဲ့ အသားကိုစားရင် ၉၆ ပါးသော ရောဂါတွေ ပျောက်ကင်းနိုင်တယ်လို့ ဆိုကြတယ်။ ဘုရင်မကြီးက ဒီသတ္တဝါအကြောင်း ခုနစ်ရက်အတွင်း အဖြေရှာဖို့ တလီတရားရေးဌာနကို အမိန့်ပေးလိုက်တာကြောင့် စုံထောက်ဒီးရန်ကျယ် အမှုလိုက်ရဖို့ ဖြစ်လာပါတယ်။ ပေါ်လာတဲ့အရာက လူလား၊ မကောင်းဆိုးဝါးလား၊ ဘယ်ကနေ ရောက်လာတာလဲဆိုတာ မသိရသေးဘူး။ ဒီးရန်ကျယ်က သတ်မှတ်ထားတဲ့ အချိန်အတွင်း ဒီသတ္တဝါနဲ့ နောက်ကွယ်ကအကြောင်းတွေကို ဘယ်လိုဖော်ထုတ်မလဲဆိုတာ လိုက်ကြည့်ရမှာပါ။

ဇာတ်လမ်းအကြောင်း