Miss Hokusai
Miss Hokusai (2015) IMDB - 6.7/10, MyAnimeList - 7.1/10 ဒီဇာတ်ကားလေးကတော့ ၁၉၈၀ လောက်ကထွက်ရှိတဲ့ Manga ကို အခြေခံပြီး ပြန်ရိုက်ကူးထားတဲ့ ကားလေးဖြစ်ပြီးတော့ ဂျပန်ခေတ်ရဲ့ရှေးဟောင်းလူနေမှုစတိုင်ကို ခံစားရင်း အေးဆေးလေးကြည့်လို့်ကောင်းမဲ့ဇာတ်ကားလေးပါ။ ဇာတ်ကားလေးရဲ့ အကြောင်းအရာကတော့ ကျိုးကြောင်းဆက်ဆက်မှုတစ်ခုခုနဲ့ တစ်ခုမရှိပေမဲ့ Oei လို့ခေါ်တဲ့ကောင်မလေးရဲ့ ဘဝဖြတ်သန်းခဲ့ပုံလေးကို ဖော်ပြထားတဲ့ကားလေးဖြစ်ပါတယ်။Oei ရဲ့အဖေဖြစ်သူ Tetsuzo ဟာ အတော်ကိုနာမည်ကြီးတဲ့ ပန်းချီအနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။ ဒါကို Oei က သူ့ရဲ့အဖေအရိပ်အောက်မှာပဲ နေနေရတာကိုမကြိုက်ပဲ သူကိုယ်တိုင်ပန်းချီကိုကြိုးစားပန်းစား ဆွဲပြီးနာမည်ထွက်အောင်လုပ်နေပါတယ်။ ဒါ့အပြင် သူတို့နဲ့အတူ တူတူနေထိုင်တဲ့ Zenjiro ဆိုတဲ့သူကလဲ နှာဘူးပန်းချီတွေကိုဆွဲပြီး သူ့ဘဝကိုစိန်ပြေနပြေ ဖြတ်သန်းနေပါတယ်။ ဒီကြားထဲမှာလဲ Onao လို့ခေါ်တဲ့ သူ့ရဲ့ဝမ်းကွဲညီမလေးဟာလဲ မျက်မမြင်ဖြစ်နေခဲ့ရပြီး သူ့ကိုဘယ်လိုဖေးမပြီး ကူညီရင်း Oei ဟာ သူ့ရဲ့ဘဝကို ဘယ်လိုဖြတ်သန်းရမလဲဆိုတာကို ကြည့်ရှုခံစားလိုက်ကြရအောင်နော်...။
ဇာတ်လမ်းအကြောင်း