ဇာတ်ကားများ ရွေးရန်

Pokémon Heroes

2002ဇာတ်ကားအမှတ် 6.6/1072 မိနစ်

Pokémon Heroes (2002) IMDB - 6.1/10 ဇာတ်လမ်းအကျဉ်းကတော့ Infinte ပိုကီမွန်အမျိုးအစားတွေ ဖြစ်ကြတဲ့ Latias နဲ့ Latios ကို အခြေခံထားတာ ဖြစ်ပါတယ်။ Altomare ဆိုတဲ့ မြို့လေးကို Evil ပိုကီမွန်ကြီးရဲ့ လက်ထဲက ကယ်တင်ပေးပြီး သူတို့ကိုယ်သူတို့ စတေးကာ Heart Drop ဆိုတဲ့ ရတနာ‌လေးတစ်ခုပေးခဲ့ပြီး မြို့ရဲ့ အစောင့်အရှောက်အဖြစ် ထားပေးခဲ့တဲ့ သူတို့နှစ်ကောင်ရဲ့ ဇာတ်လမ်းက ဒဏ္ဍာရီတစ်ခုလိုပါပဲ။ လက်ရှိအချိန်မှာ Altomare က ရေပေါ်မြို့လေးဖြစ်နေပြီး Ash နဲ့ Pikachu တို့လို နယ်လှည့်ခရီးသည်တွေ လာရောက်လည်ပတ်ကြတဲ့ မြို့လေးတစ်မြို့ ဖြစ်နေပါပြီ။ ဒါပေမဲ့ အဲဒီမြို့လေးရဲ့ အစောင့်ဖြစ်တဲ့ Latias နဲ့ Latios မျိုးဆက် ပိုကီ‌‌မွန်လေးတွေနဲ့ Heart Drop ကို ချင်သူတွေ ရှိလာတဲ့အခါ Ash တို့အဖွဲ့ သူတို့ကိုကာကွယ်ရင်း မြို့လေးကို ကာကွယ်ရဖို့ ဖြစ်လာပါတော့တယ်။

ဇာတ်လမ်းအကြောင်း