The Prison
The Prison (2017) "The Prison" ရုပ်ရှင်ဇာတ်ကားဟာ ဒါရိုက်တာ Na Hyun ရဲ့ ပထမဆုံးရိုက်ကူးတဲ့ ဇာတ်ကားဖြစ်ပေမဲ့ ထောင်တွင်းပတ်ဝန်းကျင်ကို ပုံဖော်ရာမှာ အတော်လေး အသေးစိတ်ပြီး လက်တွေ့ဆန်လှပါတယ်။ အကျဉ်းသားတွေရဲ့ ဘဝ၊ သူတို့ကြားက အာဏာပိုင်ဆိုင်မှုနဲ့ ရာဇဝတ်ဂိုဏ်းရဲ့ လှုပ်ရှားမှုတွေကို သေသေချာချာ ပုံဖော်ရိုက်ကူးထားတဲ့ စိတ်လှုပ်ရှားဖွယ် အက်ရှင်ဇာတ်ကားဖြစ်ပါတယ်။ သရုပ်ဆောင်တွေအနေနဲ့ဆိုရင်လည်း Han Suk-kyu , Kim Rae-won, Jung Woong-in, Shin Sung-rok, Jo Jae-yoon နဲ့ Lee Geung-young တို့လို နာမည်ကြီး သရုပ်ဆောင်တွေ ပါဝင်ပါတယ်။ The Prison" ရုပ်ရှင်ဇာတ်ကားဟာ အကျင့်ပျက်ခြစားမှုနဲ့ ထောင်ကျသွားတဲ့ ရဲအရာရှိဟောင်း Song Yoo-gun (Kim Rae-won) ရဲ့ ဇာတ်လမ်းကို အခြေခံထားတာဖြစ်ပါတယ်။ သူထောင်ထဲရောက်တဲ့အခါမှာ အကျဉ်းထောင်တစ်ခုလုံးကို ထောင်ပိုင်တွေရဲ့ အကူအညီနဲ့ ထိန်းချုပ်ထားတဲ့ ကြီးမားတဲ့ ရာဇဝတ်ဂိုဏ်းခေါင်းဆောင် Jung Ik-ho (Han Suk-kyu) ကို တွေ့ရှိခဲ့ပါတယ်။ ထောင်ထဲမှာ Jung Ik-ho ဟာ ဘုရင်တစ်ပါးလို နေရပါတယ်။ ထောင်ထဲမှာတော့ Ik-ho စကားသည်သာ ဥပဒေဖြစ်ပြီးတော့ သူ့ကို ထိတဲ့ သူတိုင်း မရှုမလှ သေဆုံးကြရပါတယ်။ ထောင်ပိုင်နဲ့ ရာထူးကြီး ပုဂ္ဂိုလ်တွေတောင် သူ့အမိန့်ကို မလွန်ဆန်ရဲကြပါဘူး။ Jung Ik-ho ရဲ့ ခိုင်းစေချက်အရ အကျဉ်းသားတွေဟာ ညဘက်မှာ ထောင်ကနေခိုးထွက်ပြီးတော့ ပြစ်မှုတွေကျူးလွန်ကာ မနက်ရောက်ရင် ထောင်ထဲပြန်လာကြရပါတယ်။ ထောင်ပိုင်ကလည်း သိပေမဲ့ သိသိလျက်နဲ့ လွှတ်ပေးထားတာမို့ Ik-ho ကလည်း ထောင်ကို သူ့ကမ္ဘာလို သဘောထားကာ ကြိုက်သလို ခြယ်လှယ်နေပါတော့တယ်။ Yoo-gun ဟာဆိုရင်လည်း သူ့ အစ်ကိုသေဆုံးမှုနောက်ကွယ်က အမှန်တရားကို ဖော်ထုတ်ဖို့ ထောင်ထဲဝင်ခဲ့ရာက Ik-ho ရဲ့ ဂိုဏ်းထဲပါ ရောက်ရှိသွားပါတယ်။ Yoo-gun တစ်ယောက် အစ်ကိုဖြစ်သူ သေဆုံးမှုရဲ့ အမှန်တရားကို ဖော်ထုတ်နိုင်မလား....။ Ik-ho စက်ကွင်းမှာ မိသွားမလားဆိုတာကိုတော့ ဒီဇာတ်ကားလေးထဲမှာပဲ ကြည့်ရှုအားပေးလိုက်ကြပါဦးနော် File Size - 1.8 GB/ 751 MB Quality - WEB-DL 1080p/ 720p Duration - 2h 5m Format - mp4 Genre - Action, Crime, Drama Subtitle - Myanmar Subtitle (Hard Sub)
ဇာတ်လမ်းအကြောင်း