A Man Called Hero 2
ဟွားယင်းရှုံဟာ ကျုံးဟွားအိမ်တော်နဲ့ နိုင်ငံခြားမှာ အခက်အခဲကြုံနေရတဲ့ တရုတ်အနွယ်ဝင်တွေကို ကာကွယ်ပေးခဲ့သူပါ။ သူ့သား ဟွားကျန့်ရှုံကလည်း အဖေ့လိုပဲ တရုတ်အနွယ်ဝင်တွေ ဒုက္ခမရောက်အောင် ကြိုးစားကာကွယ်နေပါတယ်။ ဒါပေမဲ့ ဝူတီနဲ့ တိုက်ပွဲဖြစ်ပြီးနောက် ဟွားယင်းရှုံ ပျောက်သွားတဲ့အခါ ကျုံးဟွားအိမ်တော်နဲ့ တရုတ်အနွယ်ဝင်တွေဟာ အင်္ဂလိပ်အရာရှိနဲ့ ဂျပန်လော့ရှုံဂိုဏ်းတို့ ပူးပေါင်းဒုက္ခပေးတာကို ခံနေကြရတယ်။ လော့ရှုံဂိုဏ်းမှာ ဝူတီရဲ့နေရာကို ကျင်းပေါင်တိုင် ဆက်ခံပြီးတဲ့နောက် အခြေအနေက ပိုဆိုးလာပါတယ်။ ကျင့်စဉ်တွေ ကျင့်နိုင်ဖို့ ကလေးတွေရဲ့ စိတ်ဝိညာဉ်ကို ဖမ်းစားရမယ်ဆိုတဲ့ အယူသီးမှုကြောင့် တရုတ်အနွယ်ဖွားကလေးတွေကို အဓမ္မလိုက်ဖမ်းနေကြတယ်။ ဒါကို သည်းမခံနိုင်တဲ့ ကျန့်ရှုံက ကလေးတွေကို ကယ်တင်နိုင်ပါ့မလား၊ ပျောက်နေတဲ့ ဟွားယင်းရှုံကရော ဘယ်ရောက်နေသလဲ။ သူရဲကောင်းတစ်ယောက်ဖြစ်ဖို့ ကျန့်ရှုံ ဘာတွေပေးဆပ်ရဦးမလဲ၊ အဲဒီပေးဆပ်မှုတွေကရော တန်ပါ့မလားဆိုတဲ့ မေးခွန်းတွေနဲ့ ဆက်သွားတဲ့ဇာတ်လမ်းပါ။
ဇာတ်လမ်းအကြောင်း