Heaven
တောအုပ်ထဲမှာ ပုပ်ပွနေတဲ့ အလောင်းတစ်လောင်း တွေ့ရှိရာကနေ စုံစမ်းစစ်ဆေးရေးရဲအရာရှိ ပီတာကူရီရှင်းကယ်တစ်ယောက် လူသတ်မှုကို လိုက်စုံစမ်းရပါတော့တယ်။ အလောင်းဆီက ရနိုင်သမျှ သဲလွန်စတွေကို စုဆောင်းပြီး လူသတ်သမားဆီ ရောက်နိုင်ဖို့ တစ်ဆင့်ချင်း ဖော်ထုတ်သွားတာပါ။ လူသတ်သမားကို ကြိုပြထားတာ၊ အရိပ်အမြွက်ပေးထားတာမျိုးမရှိဘဲ ပီတာရဲ့ စုံစမ်းရေးလုပ်ငန်းစဉ်ကို အသေးစိတ် လိုက်ပြထားပါတယ်။ ပီတာဟာ ဖြောင့်မတ်ပြီး အလုပ်ကြိုးစားတဲ့ ရဲတစ်ယောက်ဖြစ်ပေမယ့် မိသားစုအတွက်တော့ အချိန်မပေးနိုင်သူပါ။ အိမ်မှာ သူ့အမေနဲ့ မိတဆိုးသားလေးပဲ ရှိပေမယ့် သူတို့အပေါ် အေးတိအေးစက် ဆက်ဆံတတ်တယ်။ ဇာတ်လိုက်နဲ့ လူဆိုး ထိပ်တိုက်တွေ့ကြတာထက် အလုပ်ထဲမှာ နစ်မြုပ်နေတဲ့ ရဲအရာရှိတစ်ဦးရဲ့ လစ်ဟင်းသွားတဲ့ လူမှုရေးတာဝန်တွေ၊ ထုတ်မပြောတတ်ပေမယ့် သားအပေါ် ချစ်ခင်နေတဲ့ ဖခင်တစ်ယောက်ရဲ့စိတ်ကို အသားပေးထားတဲ့ ဒရာမာနဲ့ လျှို့ဝှက်မှုဇာတ်ကားပါ။
ဇာတ်လမ်းအကြောင်း