ဇာတ်ကားများ ရွေးရန်

Songs of Paradise

2025ဇာတ်ကားအမှတ် 10.0/10106 မိနစ်

Songs of Paradise (2025) "သီချင်းသည်လေးရဲ့ဂီတခရီး" ဒီတစ်ခါမှာတော့ ခပ်ငြိမ့်ငြိမ့်လေး စီးမျောခံစားချင်သူတိုအတွက် အမျိုးသမီးဂီတပညာရှင်တစ်ယောက်ရဲ့ဘ၀ဇာတ်ကြောင်းကို ရိုးရိုးလေးနဲ့ စိတ်၀င်စားစရာ တင်ဆက်ထားတဲ့ ဇာတ်လမ်းတစ်ပုဒ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဇီဘာ တစ်ဖြစ်လဲ နူးရ်ဆိုတဲ့ အမျိုးသမီးကြီးကို ကတ်ရှ်မီးရ်ရဲ့ပထမဆုံးအမျိုးသမီးအဆိုရှင် တစ်နည်းအားဖြင့် ကတ်ရှ်မီးရ် အမျိုးသမီးအဆိုရှင်တို့ရဲ့ဂီတခရီးကို အစပြုခဲ့သူအဖြစ် သတ်မှတ်ထားကြပါတယ်။ ဇာတ်လမ်းအစမှာ အဘွားအရွယ်‌ရောက်နေပြီဆိုတဲ့ နူးရ်ဟာ သမီးနဲ့မြေးတွေနဲ့အတူ သူမြတ်နိုးတဲ့ဂီတအလုပ်ကို ဆက်လုပ်နေပုံနဲ့ အစပျိုးထားပါတယ်။ တစ်နေ့တော့ ကတ်ရှ်မီးရ်ဂီတအကြောင်း စာတမ်းပြုစုနေတဲ့ ရူမီဆိုတဲ့ ဂီတဝါသနာရှင်ကောင်လေးက နူးရ်ကို ချဉ်းကပ်ပြီး သူ့ဘ၀အကြောင်းမေးမြန်းခဲ့ရာကစလို... တစ်ချိန်က ဇီဘာဖြစ်ခဲ့တဲ့ နူးရ်ရဲ့ဘ၀ဇာတ်ကြောင်းကို ပြန်ပြောင်းပြောပြပုံနဲ့ ဇာတ်ကို ငြိမ့်ငြိမ့်လေး တင်ဆက်ပေးထားပါတယ်။ အမျိုးသမီးတစ်ယောက်အနေနဲ့ ဂီတအလုပ်လုပ်ဖို အဆိုရှင်အဖြစ်ရပ်တည်ဖို့ ခက်ခဲခဲ့တဲ့ကာလမှာ နူးရ်တစ်ယောက် ဘယ်လိုကြိုးစားရုန်းကန်ခဲ့ရလဲ ဘာတွေကြုံခဲ့ရလဲဆိုတာကို သီချင်းလေးတွေခံစားရင်း ဆက်လက်ကြည့်ရှုသွားကြရမှာပါ။ (ဒီဇာတ်လမ်းအတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ B Team ဖြစ်ပါတယ်။) File size… 1.3 GB / 630 MB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….1:46 Subtitle….Myanmar Subtitle (Hard Sub) Translated by B Team

ဇာတ်လမ်းအကြောင်း