ဇာတ်ကားများ ရွေးရန်

McCabe & Mrs. Miller

1971ဇာတ်ကားအမှတ် 7.2/10120 မိနစ်

ဒီကားလေးကတော့ ၁၉၀၀ ခုနှစ်အစောပိုင်းစတိုင်လေးအဖြစ်ပြသထားတဲ့ ဇာတ်ကားလေးဖြစ်ပြီးတော့ အဲ့ခေတ်အခါက နယ်ဒေသလေးမှာ စီးပွားရေးအသေးလေးကို အောက်ခြေကနေစထူထောင်မယ်ဆိုရင် ဘယ်လိုတွေအခက်အခဲရင်ဆိုင်ရမယ်ဆိုတာ ပြသထားတဲ့ဇာတ်ကားလေးဖြစ်ပါတယ်။ ဇာတ်ကားလေးရဲ့ အကြောင်းအရာကတော့ နယ်မြိုလေးဖြစ်တဲ့ ပဲရက်စ်ဘိုင်တယ်ရီယန်လိုခေါ်တဲ့ ဘုရားကျောင်းရှိရာနေရာလေးကို မက်ခေ့ဘ်ဟာရောက်လာခဲ့တယ်။သူဟာ တဖက်မှာလည်း သေနတ်ပစ်သမားလို့နာမည်ထွက်ထားလို့ နယ်မြိုလေးကလူတွေက သူ့ကိုလေးစားပြီးကြောက်ရွံလာကြတယ်။ဒီလိုနဲ့ပဲ မက်ခေ့ဘ်ဟာ အဲ့ဒီနယ်မြိုလေးမှာ ဧည့်ခံဆောင်ဖွင့်ဖို့စီးပွားရေးလမ်းကိုစတော့တယ်။စစချငိးမှာပဲသူဟာ အနီးအနားမြိုမှာရှိတဲ့ ပြည့်တန်ဆာ ၃ ‌ယောက်ကို ဒေါ်လာ ၂၀၀ နဲ့ဝယ်ပြီး လုပ်ငန်းအသေးစားလေးစလုပ်တော့တယ်။ကြာလာတော့ သူဟာကွန်စတန့်စ်မီလာလိုခေါ်တဲ့ ပြည့်တန်ဆာအမျိုးသမီးနဲ့လက်တွဲပြီး တစ်ခြားဒေသက ပြည့်တန်ဆာတွေကိုပါခေါ်လာပြီး လုပ်ငန်းကိုချဲ့ထွင်လာတော့တယ်။ ဒီလိုသာယာနေချိန်မှာပဲ မြို့ပေါ်ကကုမ္ပဏီကြီးတစ်ခုက မက်ခေ့ဘ်ရဲ့လုပ်ငန်းကို ဝယ်ယူဖို့ပစ်မှတ်ထားလာတော့တယ်။အဲ့ဒီကုမ္ပဏီကလူတွေဟာ သူတိုကမ်းလှမ်းလာတဲ့ အပေးအယူကိုလက်မခံဘူးဆိုရင် တဖက်လူကိုကိစ္စရှင်းပစ်လေ့ရှိတယ်လို့ သတင်းတွေပြန့်နေတယ်။ဒီလိုအခက်အခဲတွေကြားမှာ မက်ခေ့ဘ်ဟာ သူ့ရဲ့စီးပွားရေးလေးကို သူများလက်ထဲမရောက်အောင် ဘယ်လိုထိန်းသိမ်းသွားမလဲ ပြဿနာတွေကို ဘယ်လိုရင်ဆိုင်ဖြေရှင်းသွားမလဲဆိုတာကို ကြည့်ရှုခံစားလိုက်ကြရအောင်။ Quality.....Blu-Ray 1080p / 720p File Size.....(2.7 GB) / (1.3 GB) Genre.....Drama, Western Duration.....02:00:00

ဇာတ်လမ်းအကြောင်း