ဇာတ်ကားများ ရွေးရန်

Behind the Shadows

2025ဇာတ်ကားအမှတ် 6.0/10

သဲထိတ်ရင်ဖိုစုံထောက်ဇာတ်လမ်းကြိုက်တတ်တဲ့သူတွေအတွက် မင်းသားကြီး Louis Kooရဲ့ ဇာတ်ကားသစ်ကို တင်ဆက်ပေးလိုက်ပါတယ်။ သာမန်အမှုလေးတွေကိုပဲစုံစမ်းရတဲ့ အလွတ်စုံထောက်တစ်ယောက်ဖြစ်တဲ့ အိုးရန်ဟာ တစ်နေ့မှာတော့ အမှု(၃)မှုဆက်တိုက်ကို လက်ခံရရှိခဲ့တယ်။ အိမ်ထောင်ရေးဖောက်ပြန်မှုတွေဖော်ဖို့ အတွက်လောက်ပဲ အမြဲလိုက်ခဲ့ရတဲ့ အိုးရန်ဟာ ဒီအမှုတွေကိုလဲ သာမန်ဖောက်ပြန်မှုလိုပဲထင်ပြီး ပုံမှန်အတိုင်းပဲ အလုပ်လုပ်နေခဲ့တယ်။ တစ်နေ့မှာတော့ သူနောက်ယောင်ခံလိုက်နေတဲ့ မိန်းကလေးဟာ သတ်ခံလိုက်ရပါတယ်။ အဲဒီအချိန်ကစပြီးတော့ သူ့ဘဝကရှုပ်ထွေးသွားခဲ့ပါတယ်။ ဒီမိန်းကလေးသတ်ခံရမယ့်ညမှာ သူဟာမိန်းကလေးရဲ့ အိမ်ရှေ့မှာရှိတဲ့အတွက် ဒီမိန်းကလေးအတွက်သူတစ်ခုခုလုပ်ပေးရမယ်လို့ ခံစားမိလာတဲ့အတွက် ရဲစခန်းမှာ ထွက်ဆိုချက်သွားပေးခဲ့ပေမယ့် ထွက်ဆိုချက်ယူတဲ့ရဲအရာရှိဟာ မူမမှန်တာကိုအိုးရန်သတိထားမိလာပါတယ်။ အိုးရန်ဟာတိတ်တဆိတ်စုံစမ်းရင်း သူ့အမှုသည်သေဆုံးမှုဟာ အရင်ကလူသတ်မှုတစ်ခုနဲ့ပတ်သက်နေတာကို သိခဲ့ရပါတယ်။ ဒီမိန်းကလေးတွေဆက်တိုက်သတ်ခံရတဲ့နောက်ကွယ်မှာ ဘယ်လိုလျှို့ဝှက်ချက်တွေရှိနေမလဲ...... သာမန်အလွတ်တမ်းစုံထောက်တစ်ယောက်သာဖြစ်တဲ့ အိုးရန်ဟာ ဒီအန္တရာယ်တွေပြည့်နှက်နေတဲ့အမှုကိုဖော်နိုင်ပါ့မလား...... Filesize : 996 MB / 589 MB Quality : WEB-DL 1080p HEVC , 720p HEVC Format : mkv Genres : Drama, Crime, Mystery Runtime : 1h 42 min Subtitle : Myanmar Subtitle ( Hardsub )

ဇာတ်လမ်းအကြောင်း