ဇာတ်ကားများ ရွေးရန်

River Road

2021ဇာတ်ကားအမှတ် 5.0/1091 မိနစ်

ထရာဗစ်ဟာ နာမည်ရ ကနေဒါရော့ခ်တီးဝိုင်းတစ်ခုရဲ့ ဂစ်တာသမားပါ။ အဖွဲ့နဲ့ နယ်လှည့်ဖျော်ဖြေပွဲတွေ ပြီးသွားတဲ့နောက် ဇာတိမြေ ကနေဒါမှာရှိတဲ့ အဒေါ့်အိမ်ကို အနားယူဖို့ ရောက်လာခဲ့တယ်။ အဲဒီမှာပဲ ဇိုအီဆိုတဲ့ အမေရိကန်သူတစ်ယောက်နဲ့ ဆုံတွေ့ပြီး တခြားသူတွေနဲ့ မတူတဲ့ သူ့ပုံစံကို ထရာဗစ်က မြင်မြင်ချင်း စိတ်ဝင်စားသွားပါတယ်။ နှစ်ယောက်သား တွဲဖြစ်လာပြီးနောက် ဟီးရိုးအင်းကို သုံးမိကြရာက သူတို့ဘဝတွေ ကမောက်ကမ ဖြစ်လာတော့တယ်။ မူးယစ်ဆေးရဲ့ သားကောင်တွေဖြစ်လာတဲ့ ချစ်သူနှစ်ယောက်ဟာ ဥပဒေနဲ့မညီတဲ့ ပြစ်မှုတွေကိုပါ အတူကျူးလွန်မိကြပါတယ်။ တစ်နေ့မှာ ထရာဗစ်က ဇိုအီရဲ့ လျှို့ဝှက်ချက်တစ်ခုကို သိသွားသလို ကိုယ့်အသက်ကိုပါ ဆုံးရှုံးနိုင်တဲ့ ကိစ္စတစ်ခုကို ရူးရူးမိုက်မိုက် လုပ်မိပါတော့တယ်။

ဇာတ်လမ်းအကြောင်း