ဇာတ်ကားများ ရွေးရန်

Kothalavadi

2025ဇာတ်ကား144 မိနစ်

Kothalavadi (2025) "တရားသောလမ်းသို့..." ဒီတစ်ခါမှာတော့ တရားမှုနဲ့မတရားမှုကြားက လွန်ဆွဲပွဲအကြောင်း ပီပီပြင်ပြင်ရိုက်ကူးတင်ဆက်ထားတဲ့ ကန်နာဒါစကားပြော ကျေးလက်နောက်ခံ အက်ရှင်-ဒရာမာဇာတ်လမ်းတစ်ပုဒ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ကျေးလက်ဒေသတစ်ခုမှာ အဂတိလိုက်စားတဲ့ အကျင့်ပျက်သူတွေနဲ့ နင်းပြားဘ၀ရောက်ရတဲ့ ကျေးလက်ပြည်သူတို့ကြား တရားမ၀င်တူးဖော်ရေးကိစ္စနဲ့ပတ််သက်ပြီး ပဋိပက္ခတွေဖြစ်လာခဲ့ပါတယ်။ အဲဒီမှာ ပြည်သူတွေဘက်က ရပ်တည်ပေးသူက တစ်ဖက်မှာ သူရဲကောင်း ဖြစ်လာပေမဲ့... တစ်ဖက်မှာလည်း ဥပဒေချိုးဖောက်တဲ့ လူဆိုးလူမိုက်ဘ၀ရောက်သွားတဲ့အခါ... အဲဒီလိုတရားမှုနဲ့မတရားမှု လွန်ဆွဲပွဲမှာ ဘာတွေဆက်ဖြစ်လာမလဲ၊ ကျေးလက်ဒေသခံတွေက ဘယ်လိုတုံ့ပြန်ကြမလဲ၊ ဇာတ်လမ်းထဲက သူရဲကောင်းရဲ့ဘ၀နဲ့ အချစ်ရေးကရော ဘယ်လိုရှေ့ဆက်မလဲဆိုတာကို... အချစ်၊ အလွမ်း၊ အကြမ်း... ရသစုံအောင် ကြည့်ရှုခံစားကြရမှာ ဖြစ်ပါတယ်။ (ဒီဇာတ်လမ်းအတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ B Team ဖြစ်ပါတယ်။) File size… 2.4 GB / 1.2 GB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 24m Subtitle….Myanmar Subtitle (Hard Sub) Translated by B Team

ဇာတ်လမ်းအကြောင်း